ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၅ လအတွင်း စုစုပေါင်းဆန်တန်ချိန် ၄.၅ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယံအထိရရှိခဲ့ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဗီယက်နမ်ဆန်တင်ပို့မှုသည် သိသိသာသာတိုးတက်လာခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၁၅.၆ ဆတိုးမြင့်လာခဲ့ကြောင်း ဖော် ပြထားပါသည်။ ၂၀၂၅ ခုနှစ် ၅ လအတွင်း ဆန်တင်ပို့မှုစျေးနှုန်းသည် တစ်တန်လျှင် ပျမ်းမျှ ၅၁၆.၄ ဒေါ်လာရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် အလားတူကာလထက် ၁၈.၇ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြပါရှိပါသည်။
၂၀၂၅ ခုနှစ် မေလတစ်လတည်းတွင် ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် ၁.၁ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၃.၁ သန်းရှိမည်ဟု ခန့်မှန်းထားပါ သည်။
စားသုံးမှုဈေးကွက်အရ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ဈေးကွက်ဝေစု၏ ၄၁.၄ ရာခိုင်နှုန်းရှိကြောင်း၊ အိုင်ဗရီကို့စ်နှင့် တရုတ်တို့သည် စျေးကွက်ဝေစု ၁၁.၉ ရာခိုင်နှုန်းနှင့် ၁၀.၃ ရာခိုင်နှုန်းအသီးသီးရှိသည့် ဈေးကွက်နှစ်ခုဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဖိလစ်ပိုင်ဈေးကွက်တင်ပို့မှုသည် ၂၁.၈ ရာခိုင်နှုန်းကျဆင်း သွားပြီး အိုင်ဗရီကို့စ်သို့ တင်ပို့မှုမှာ ၂.၇ ဆ၊ တရုတ်နိုင်ငံသို့ ၈၃.၇ ရာခိုင်နှုန်း သိသိသာသာတိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။
ပို့ကုန်အများဆုံးတင်ပို့ရသည့် ဈေးကွက် ၁၅ ခုအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၅၁၅.၆ ဆအထိ ဈေးကွက်အမြင့်ဆုံးမြင့်တက်ခဲ့ပြီး အင်ဒိုနီးရှားဈေးကွက်သည် ၉၇.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဗီယက်နမ်၏ဆန်တင်သွင်းမှု သိသိသာသာကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်ဆန်တင်သွင်းမှုတိုးမြင့်လာခဲ့ပြီး အဓိကအားဖြင့် ST25 နှင့်ကောက်ညှင်းဆန်များကို တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: https://asemconnectvietnam.gov.vn
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)