The Federal Statistics Office (Destatis) က ၃၀-၇-၂၀၂၅ ရက်က ထုတ်ပြန်ခဲ့သော ယာယီအချက်အလက်များအရ ဂျာမနီ၏စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ကျဆင်းသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။
နိုင်ငံ၏ဂျီဒီပီသည် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း၊ ၎င်းသည် ပထမသုံးလပတ်၏ စီးပွားရေးတိုးတက် မှုနှုန်းဖြစ်သော ၀.၃ ရာခိုင်နှုန်းသို့ရောက်ရှိရန် အနည်းငယ်လိုနေသေးကြောင်း၊သုံးလပတ်အလိုက် စီးပွားရေးကျဆင်းလာခဲ့ခြင်းမှာ စက်ယန္တ ရားများနှင့် စက်ကိရိယာများထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော်လည်း စားသုံးသူများနှင့် အစိုးရက ဝယ်ယူသုံးစွဲ ပေးမှုများက အထောက်အပံ့အချို့ဖြစ်စေခဲ့ကြောင်း၊ နှစ်အလိုက် ဂျီဒီပီသည် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါကတည်ငြိမ်နေဆဲရှိသော်လည်း လအလိုက် အခြေအနေတွင် ၀.၄ ရာခိုင်နှုန်းခန့်တိုးတက်လာသည်ကို ပြသနေကြောင်း Destatis ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Source: https://p.dw.com/p/4yEbI
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)