International News

ဂျာမနီ၏ ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းကို အစိုးရအဖွဲ့က အတည်ပြု

Last Updated:

ဂျာမန်အစိုးရသည် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ယူရို ၁၂၆.၇ ဘီလီယံနှင့် ချေးငွေယူရို ၁၇၄.၃ ဘီလီယံတို့အတွက် အစီအမံများပါဝင်သော ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့အတည် ပြုပြီးနောက် ၂၀၂၇ ခုနှစ်မှစတင်၍ သိသာထင်ရှားသောခြိုးခြံခြွေတာမှုများဆောင်ရွက်ရန်လိုအပ်လာနိုင်ဖွယ်ရှိသည်ဟူသောဘဏ္ဍာရေးဝန်ကြီး Lars Klingbeil ၏သတိပေးချက်များထွက်ပေါ်လာခဲ့ပါကြောင်း၊ တစ်ချိန်တည်းတွင် ဂျာမန်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၀.၁ ရာခိုင် နှုန်းကျဆင်းသွားခဲ့သည်ဟု The Federal Statistics Office(Destatis) က ကနဦးအချက်အလက်များထုတ်ပြန်လာခဲ့ကြောင်း၊ ဂျာမန်အစိုးရ အဖွဲ့ကအတည်ပြုခဲ့သော ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil ၏ ၂၀၂၆ ခုနှစ် ဘတ်ဂျက်မူကြမ်းတွင် အသုံးစရိတ် ယူရို(၅၂၀.၅)ဘီလီယံပါဝင်ပါကြောင်း၊ ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏စီးပွားရေးကိုပြန်လည်အသက်သွင်းရန်၊ သက်တမ်းရင့်အခြေခံအဆောက်အအုံများကို ပြန်လည်ခေတ်မီစေရန်နှင့် စစ်အသုံးစရိတ်ကိုမြှင့်တင်ရန်တို့အတွက် ဆယ်စုနှစ်များစွာဆောင်ရွက်ခဲ့သော ဘဏ္ဍာရေးဆိုင်ရာရှေးရိုးစွဲလုပ် ဆောင်ချက်များမှ ရုန်းထွက်နေပြီဖြစ်ကြောင်း DW သတင်းပါဖော်ပြချက်များအရ သိရှိရပါသည်။

Source:         https://www.dw.com/en/germany-updates-cabinet-approves-2026-draft-budget/live-73459584

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News