International News

Mercedes-Benz မှ အမြတ်ငွေ ၅၅.၈ ရာခိုင်နှုန်းခန့်ကျဆင်း

Last Updated:

Stuttgart အခြေစိုက် ဂျာမန်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Mercedes-Benz က ၎င်းတို့၏အမြတ်အစွန်းများသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၅၅.၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း၊ ယမန်နှစ်အလားတူကာလ၏ အခွန်ထမ်းဆောင်ပြီးဝင်ငွေသည် ယူရို ၆.၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ် ပထမနှစ်ဝက်တွင် ယူရို ၂.၇ ဘီလီယံအထိကျဆင်းသွားကြောင်း၊ ယင်းသို့ကျဆင်းရခြင်းမှာ အကောက်ခွန်နှုန်းထားများကြီးမြင့်လာမှု၊ ရောင်းအားကျဆင်းမှုနှင့် ဆောင်ရွက်ရသည့် အစီအမံများအတွက် ကုန်ကျစရိတ်များမြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်း၊ Mercedes- Benz အုပ်စုတစ်ခုလုံးအတွက် ယခုနှစ် တစ်နှစ်တာအတွက် ဝင်ငွေသည် ယမန်နှစ်ကထက် သိသာစွာကျဆင်းလိမ့်မည်ဟု မျှော်လင့်ထား ကြောင်း ကုမ္ပဏီ၏ဖော်ပြချက်အရ သိရှိရပါသည်။

Source:         https://p.dw.com/p/4yEEx

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News