ဒူဘိုင်းပေါင်းစပ်စီးပွားရေးဇုန်များအာဏာပိုင်အဖွဲ့အစည်း(DIEZ)၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဒူဘိုင်းလေဆိပ်ကင်းလွတ်ဇုံ(DAFZ)သည် တရုတ်နိုင်ငံ၏ထိပ် တန်းတစ်ပတ်ရစ်ပစ္စည်းများရောင်းချသည့် လမ်းကြောင်းတစ်ခုဖြစ်သည့် China's Zhuanzhuan Groupစီးပွားရေးအုပ်စုနှင့်မဟာဗျူဟာမြောက်နားလည်မှုစာချွန်လွှာ (MoU)တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
၎င်းသဘောတူညီချက်အရ အဆိုပါစီးပွားရေးအုပ်စုသည် DAFZ တွင် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာရုံးချုပ်ကို တရုတ်နိုင်ငံပြင်ပတွင်တည်ထောင်မည့် ပထမဆုံးသောဒေသတွင်းသို့ ရောက်ရှိအခြေစိုက်မှုတစ်ခုဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 နှင့်ကိုက်ညီပြီး ရေရှည်တည်တံ့သော ကုန်သွယ်မှုနှင့်မျှဝေခြင်း၊ငှားရမ်းခြင်း၊ပြန်လည်အသုံးပြုခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် ထုတ်ကုန်များနှင့် ထုတ်ကုန်တွင်အသုံးပြုသည့်ပစ္စည်းများကို တတ်နိုင်သမျှပြန်လည်အသုံးပြုသည့် ထုတ်လုပ်မှုနှင့် သုံးစွဲမှုပုံစံတစ်ခုဖြစ်သော စက်ဝိုင်းပုံစီးပွားရေးစနစ်အလေ့အကျင့်များ(circular economy practices)တွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦးဖြစ်လာရန်အတွက် မျှော်မှန်းထားသည့် ဒူဘိုင်း၏ရည်မှန်းချက် များကိုပံ့ပိုးပေးလျက်ရှိပါသည်။ ဒူဘိုင်းရှိ Zhuanzhuan ၏ လုပ်ငန်းစက်ရုံသည် ပြန်လည်အသုံးပြုခြင်း၊ စစ်ဆေးခြင်း၊ အမျိုးအစားခွဲခြင်းနှင့်ထုပ်ပိုးခြင်းစသည်တို့အပါအဝင် ထောက်ပံ့ပို့ဆောင်ရေး၊ အကောက်ခွန်နှင့် ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် DIEZ ၏လုပ်ငန်းလည်ပတ်မှု၊ ပံ့ပိုးကူညီမှုများဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံရှိမြို့ပေါင်း ၈၀ မြို့တို့တွင် အရောင်းဆိုင်ပေါင်း ၉၆၀ ကျော်တို့ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည့် Zhuanzhuan Group စီးပွားရေးအုပ်စုသည် မှတ်ပုံတင်အသုံးပြုသူပေါင်း သန်း ၄၀၀ ကျော်ရှိပြီး ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဦးစားပေးလုပ်ဆောင်လျက်ရှိကာ ၎င်းတို့၏လုပ်ငန်းဆောင် ရွက်မှုတစ်လျှောက် ရေရှည်တည်တံ့မှုကိုမြှင့်တင်ပေးသည့် အလေ့အထစီးပွားရေး ပုံစံများ(eco-conscious business model)နှင့် ရေရှည်တည်တံ့သောအလေ့ အကျင့်များမှတစ်ဆင့် ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၄.၁ သန်းကို လျှော့ချနိုင်ခဲ့ခြင်းကြောင့် ထိပ်တန်းမှရပ်တည်လျက်ရှိပြီး ထင်ရှားလူသိများသောစီးပွားရေးအုပ်စုတစ်ခုဖြစ်ပါသည်။
DAFZ ၏ ညွှန်ကြားရေးမှူးချုပ် Amna Lootah က အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာဆန်းသစ်တီထွင်သူများအတွက် ဒူဘိုင်း၏ဆွဲဆောင်မှုကိုမီးမောင်းထိုးပြသလျက်ရှိပြီး အာရှ၊ အာဖရိကနှင့် ဥရောပဒေသများကို ချိတ်ဆက်ပေးသည့် ကုန်သွယ်မှုတံခါးပေါက်အဖြစ် ၎င်းတို့၏ရပ်တည်ချက်ကို ခိုင်မာစေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ Zhuanzhuan စီးပွားရေးအုပ်စု၏ ကော်ပိုရိတ်ဒုတိယဥက္ကဌ Wang Su က ဒူဘိုင်းသည် ၎င်း၏ဗျူဟာမြောက်တည်နေရာနှင့် အခြေခံအဆောက်အအုံများကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း လုပ်ငန်းများကိုချဲ့ထွင်ရန်အတွက် စံပြပစ်စင်(Launchpad)တစ်ခုအဖြစ် ဥပမာပေး၍ ထပ်တူပြုပြောကြားခဲ့ပါသည်။
အဆိုပါ MoU တွင် စက်ဝိုင်းပုံစီးပွားရေးစနစ်ဖြင့်လည်ပတ်ဆောင်ရွက်သည့် စီးပွါးရေးလမ်းကြောင်းများနှင့် တစ်ပတ်ရစ်ကုန်သွယ်မှုဆိုင်ရာ ပူးတွဲသုတေသနနှင့်မူဝါဒစာတမ်းများကို ပြုစုပျိုးထောင်ရန် ကတိကဝတ်များလည်း ပါဝင်ပါသည်။ သဘော တူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် DAFZ သည် Zhuanzhuan ၏တည် ဆောက်မှုနှင့် ပေါင်းစပ်မှုကိုလွယ်ကူချောမွေ့စေမည်ဖြစ်ပြီး ကုမ္ပဏီသည် ဒေသတွင်းလိုက်နာမှုစံနှုန်းများနှင့်လိုက်လျောညီထွေဖြစ်စေကာ ၎င်း၏ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွန်ရက်မှ အခွင့်အလမ်းသစ်များကိုဆောင်ကျဉ်းပေးသွားမည်ဖြစ်ပါ သည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် စက်ဝိုင်းပုံစီးပွားရေးစနစ်သုံးစီးပွါးရေးလုပ်ငန်းများတွင် လုပ်ငန်းပုံစံအသစ်များကို အထောက်အကူဖြစ်စေရန်အတွက် မျှော်မှန်းထားခြင်းဖြစ်ပြီး ရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုဦးဆောင်သော ကမ္ဘာ့ကုန်သွယ်မှုလုပ်ငန်းများအတွက် ဒူဘိုင်း၏ရပ်တည်ချက်ကို အားဖြည့်ပေးထားခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)