International News

ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၌ စားသောက်ကုန် ၁,၀၁၀ မျိုး၏ ကုန်ဈေးနှုန်းများမြင့်တက်လာမည်

Last Updated:

ဂျပန်နိုင်ငံတွင် စားသောက်ကုန်နှင့်အဖျော်ယမကာထုတ်လုပ်သည့် လုပ်ငန်းကြီး ၁၉၅ ခုအနေဖြင့် ၎င်းတို့ကုမ္ပဏီများမှ ထုတ်လုပ်သည့်စားသောက်ကုန် ၁,၀၁၀ မျိုး ၏ကုန်ဈေးနှုန်းများကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဈေးနှုန်းတိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း Teikoku Databank Ltd. ၏စစ်တမ်းကောက်ယူချက်အစီရင်ခံ စာတွင်ဖော်ပြထားကြောင်း ၃၁-၇-၂၀၂၅ ရက်နေ့ထုတ် The Japan News သတင်း စာတွင် “1,010 food and beverage prices to rise in Japan in August” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၌ စားသောက်ကုန်နှင့်အဖျော်ယမကာထုတ်လုပ်သူများအနေဖြင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ကုန်ဈေး နှုန်းများကို ၁.၅ ဆတိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် စား သောက်ကုန်ဈေးနှုန်းများမှာ ၈ လဆက်တိုက်မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

နွားနို့နှင့်ဒိန်ချဉ်အပါအဝင် နို့ထွက်ပစ္စည်းများ၏ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ဩဂုတ် လတွင် သိသိသာသာမြင့်တက်လာမည်ဖြစ်ကြောင်း၊ နို့ထွက်ပစ္စည်းရောင်းချသည့် Megmilk Snow Brand Co. အနေဖြင့် ကုမ္ပဏီမှထုတ်လုပ်သည့်ကုန်စည် ၅၉ မျိုး ၏ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် Oishii Gyunyu အမှတ်တံဆိပ်ထုတ်ကုန်အသစ်များကို ၂.၇ ရာခိုင်နှုန်းမှ ၇.၄ ရာခိုင်နှုန်းအထိတိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Morinaga Milk Industry Co. အနေဖြင့် ကုမ္ပဏီမှထုတ်လုပ်သည့် နွားနို့ဘူးများနှင့် Bifidus အမှတ်တံဆိပ်ဒိန်ချဉ်များအပါအဝင် ကုန်စည် ၅၃ မျိုး၏ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ၂၀၂၅ ဘဏ္ဍာနှစ်၊ လက်ရှိအချိန်အထိ စားသောက်ကုန် ၁၉,၄၁၆ မျိုး၏ ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့ပြီးဖြစ်ကြောင်းနှင့်ယခုဘဏ္ဍာနှစ်ကုန်တွင် ကုန်စည်ဈေးနှုန်းမြင့်တက်ခဲ့သည့်ကုန်စည် အရေအတွက်မှာ၂၀၀,၀၀၀ ကျော်အထိရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် ၂ နှစ်တာအတွင်း အများဆုံးဖြစ်လာမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်စည်အမျိုးအစား ၃,၀၀၀ ကျော်၏ဈေးနှုန်းများ မြင့်တက်လာနိုင်မည်ဖြစ် ကြောင်းနှင့် ဧပြီလမှစတင်၍ ၆ လတာအတွင်း အရေအတွက်အများဆုံး မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News