ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကဆုံးဖြတ်ချက်အမှတ် 1514/QD-BCT ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်စ်သမ္မတနိုင်ငံ၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့မှ(အမှုတွဲအမှတ် AC02-13.AS01)ဖြင့် တင်သွင်းလာသော ကြံသကြးထွက်ကုန်အချို့အပေါ် ကုန်သွယ်မှုရှောင်လွှဲခြင်းမှ တားဆီးရေးအစီအမံများကျင့်သုံးဆောင်ရွက် ခဲ့ပါသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန် သွယ်ရေးဝန်ကြီးဌာနမှ ဆုံးဖြတ်ချက်အမှတ် 1708/QD-BCT ဖြင့် ကြံသကြားထွက်ကုန်အချို့အတွက် ကုန်သွယ်မှုရှောင်လွှဲခြင်းမှတားဆီးရေး အစီအမံများနှင့်ပတ်သက်၍ အမူတွဲအမှတ် AC02-AD13.AS01 တို့အတွက် တင်ပို့သူအသစ် ပြန်လည်သုံးသပ်မှုရလဒ်များကြေညာခဲ့ပါ သည်။
ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Delicious Food Limited မှ တင်ပို့သူအသစ်အဖြစ်လျှောက်ထားသည့် အဆိုပြုချက်အပေါ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်စစ်ဆေးခဲ့ပါကြောင်း၊ အမှုအားစုံစမ်းစစ်ဆေးရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားကုန်သွယ်မှုစီမံခန့်ခွဲရေးဥပဒေပါ သက်ဆိုင်ရာဥပဒေပုဒ်မအတော်များများကို တိတိကျကျလိုက်နာဆောင်ရွက်ခဲ့ပါကြောင်း ရေးသားဖော်ပြထားပါသည်။
အဆိုပါစုံစမ်းရေးလုပ်ငန်းစဉ်အား သေချာစွာသုံးသပ်ပြီးနောက် ဗီယက် နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် Delicious Food Limited ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် သကြားကိုတင်ပို့သူအသစ်အဖြစ် အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
Delicious Food ကုမ္ပဏီအား ထိုင်းနိုင်ငံမှ ကြံသကြားထွက်ကုန်အပေါ် ကုန်သွယ်မှုကာကွယ်ရေးအစီအမံများကို ရှောင်လွှဲခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှုအပြီးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
မကြာမီကာလအတွင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ကြံသကြားထွက်ကုန်များတင်သွင်းမှုကို ကြီးကြပ်ကွပ်ကဲရန် အကောက်ခွန်အာဏာပိုင်များ၊ သက်ဆိုင်ရာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။ ကြံသကြားထုတ်လုပ်မှုအတွက် တရားမျှတမှု၊ သာတူညီမျှမှုနှင့် မျှတသောပတ်ဝန်းကျင်ကို ဖန်တီးရန်အတွက် ကုန်သွယ်မှုကာကွယ်ရေးအစီအမံများ၏အကျိုးသက်ရောက်မှု၊ ထုတ်လုပ်မှုအခြေအနေ၊ ရောင်းလိုအားဈေးနှုန်းစသည့်တို့ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://trav.gov.vn/default.aspx?page=news-detail&do=detail&categoryid
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)