အစ္စရေး၏ အီရန်နျူကလီးယားရုံများကို တိုက်ခိုက်ခဲ့မှုကြောင့် စွမ်းအင်ဖြတ်တောက်မှုအပေါ် စိုးရိမ်မှုကြီးထွားလာလျက်ရှိရာ ထိုင်းနိုင်ငံအနေဖြင့် ရက်ပေါင်း ၆၀ အတွက် စက်သုံးဆီအလုံအလောက်ရှိကြောင်း စွမ်းအင်လုပ်ငန်းဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။
ယင်းကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ အခြေအနေပြင်းထန်လာနိုင်ပြီး အရှေ့အလယ်ပိုင်းစက်သုံးဆီသယ်ယူပို့ဆောင်ရေးတွင် သက်ရောက်လာနိုင်သဖြင့် ရေနံကုန်သည်များသည်လည်း နှစ်နိုင်ငံအကြား တင်းမာမှုကို စောင့်ကြည့်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၌ စီးပွားရေးသုံးစက်သုံးဆီပမာဏသည် လီတာ ၃.၁၀ သန်းရှိပြီး နိုင်ငံ၏နေ့စဉ်သုံးစွဲမှု၏ ၂၃ ရက်စာပမာဏနှင့်ညီမျှပါကြောင်း၊ နိုင်ငံ၏နေ့စဉ်သုံးစွဲမှုပမာဏ၏ ရက် ၂၀ စာနှင့်ညီမျှသော လီတာ ၂.၆ သန်း ကိုလည်း ထိုင်းနိုင်ငံသို့သယ်ပို့ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏နေ့စဉ်သုံးစွဲမှု၏ ၁၇ ရက်စာပမာဏနှင့်ညီမျှသော သန့်စင်ပြီးစက်သုံးဆီလီတာ ၁.၈၉ သန်းအရန်ရှိပြီးဖြစ်ရာ စက်သုံးဆီစုစုပေါင်းသည် ရက်ပေါင်း ၆၀ အတွက်ရှိနေကြောင်း၊ စိုးရိမ်မှုလျော့ပါးသည်ဆိုသော်လည်း အစိုးရ၏ နောက်ဆုံးရသတင်းများကိုဂရုတစိုက်နားထောင်ကြရန် အကြုံပြုလိုကြောင်း၊ စွမ်းအင်အာဏာပိုင်များအနေ ဖြင့်လည်း နိုင်ငံသားများအပေါ် အနည်းဆုံး သို့မဟုတ် သက်ရောက်မှုမရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Sarawut Kaewtathip က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက်နေ့တွင် နျူကလီးယားအစီအစဉ်လည်ပတ်နေသည်ဟု သံသယရှိသောအဆောက်အဦများအပါအဝင် စစ်တပ်နယ်မြေများကိုဦးတည်၍ Tehran အပေါ် လေကြောင်းတိုက်ခိုက်မှုဆောင်ရွက်သွားရန် အစ္စရေးက ကြေညာခဲ့သည်ဟု မီဒီယာတွင် ဖော်ပြထားပါကြောင်း၊ အစ္စရေးကို ခြိမ်းခြောက်လျက်ရှိသော နျူကလီး ယားလက်နက်များထုတ်လုပ်မှုကိုကာကွယ်ရန် တိုက်ခိုက်မှုကို ဆောင်ရွက်ခြင်းဖြစ် သည်ဟု အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားခဲ့ကြောင်း၊ အီရန်အနေဖြင့် ယင်းကို ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း၊ ဆော်ဒီအာရေဗျသည် ယခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း ဆီလျော့နည်းထုတ်လုပ်ရန် စီစဉ်ထားသည့် Opec နှင့် ၎င်း၏မိတ်ဖက်များကို ၁ ရက်လျှင် ၄၁၁,၀၀၀ စည်တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်ဝေစုရရှိနိုင်ရေးဆောင်ရွက်သွားရန် တောင်းဆိုသွားမည်ဖြစ် ကြောင်း၊ ဧပြီလမှ ဇူလိုင်လအတွင်း ၁ ရက်လျှင် ဆီထုတ်လုပ်မှုကို စည် ၁.၃၇ သန်းထိတိုးမြှင့်ထုတ်လုပ်ရန် Opec နှင့်၎င်း၏မိတ်ဖက်များက ဆုံးဖြတ်ထားကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)