International News

GCC နိုင်ငံများ၏ဘဏ္ဍာရေးဈေးကွက်သည် စုစုပေါင်းအရင်းအနှီးပြုမှု - GCC-Stat တွင် အမေရိကန်ဒေါ်လာ ၄.၂ ထရီလီယံအထိရှိလာခဲ့

Last Updated:

ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)နိုင်ငံများ၏ ဘဏ္ဍာရေးစျေးကွက်များသည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ပေါင်းစပ်အညွှန်းကိန်းတွင် ၀.၇ % မျှသာသောအမြတ်ငွေကို ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းပိုမိုကျယ်ပြန့်သော စီးပွား ရေးအပြောင်းအလဲများကြားတွင် သတိထားကြံ့ကြံ့ခံနိုင်မှုကို ထင်ဟပ်စေခဲ့ပါသည်။

GCCစာရင်းအင်းစင်တာ(GCC-Stat)၏နောက်ဆုံးအချက်အလက်များအရ၊စုစုပေါင်းစျေးကွက်အရင်းအနှီးသည် ၂၀၂၄ ခုနှစ်အကုန်တွင်ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄.၂ ထရီလီယံဖြစ်ပါသည်။ အဆိုပါကိန်းဂဏန်းသည် ကမ္ဘာလုံးဆိုင်ရာစျေးကွက်အရင်းအနှီးစုစုပေါင်း၏ ၃.၅ % ခန့်ကို ကိုယ်စားပြုပြီး ကမ္ဘာ့ဘဏ္ဍာရေးအဆင့်တွင် ဒေသတွင်းဆက်လက်တည်ရှိနေမှအပေါ် မီးမောင်းထိုးပြလျက်ရှိပါ သည်။

အညွှန်းကိန်းအနည်းငယ်တိုးလာခဲ့သော်လည်း စုစုပေါင်းအရင်းအနှီးသည် ၂၀၂၃နှင့် နှိုင်းယှဉ်ပါက ၄.၄ % ကျဆင်းသွားပြီး လေ့လာသူများက ရေနံစျေးနှုန်းများအတက် အကျရှိခြင်း၊ ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများနှင့် အဖွဲ့ဝင်နိုင်ငံတစ်ခုချင်းအတွင်း ကဏ္ဍအလိုက်ဖိအားများကြောင့်ဖြစ်ကြောင်း သုံးသပ်သူများက အကဲဖြတ်ထားကြပါသည်။

အဆိုပါပေါင်းစပ်အညွှန်းကိန်းသည် GCC နိုင်ငံခြောက်နိုင်ငံဖြစ်သည့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗျနှင့် ယူအေအီးနိုင်ငံများတို့ရှိ ဘဏ္ဍာရေးစျေးကွက်များ၏စုပေါင်းစွမ်းဆောင်ရည်ကို ခြေရာခံနိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပါ သည်။

အရင်းအနှီးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်အရ ၎င်းခုနှစ်အတွက် နိမ့်ကျသောမှတ်စုတစ်ခုဖြင့် ပိတ်သိမ်းချိန်တွင် ပေါင်းစပ်အညွှန်းကိန်းများ၌ မဆိုသလောက်မြင့်တက်လာခြင်းသည် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို အဟန့်အ တားဖြစ်စေသည့်လမ်းကြောင်းများတွင် သွားလာနေကြသော ရင်းနှီးမြှုပ်နှံသူများ ၏ယုံကြည်မှုနှင့် စျေးကွက်လိုက်လျောညီထွေရှိမှုကို အချက်ပြနေခြင်းဖြစ်ကြောင်း သတင်းဖော်ပြပါရှိပါသည်။

Source:Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News