ကိုကာကိုလာကုမ္ပဏီက အမေရိကန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဆောင်းဦးရာသီတွင် ကြံသကြားအစစ်ဖြင့် ထုတ်လုပ်သည့် ကိုကာကိုကာအသစ်ကို ရောင်းချသွားမည်ဖြစ် ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း CNBC အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
အမေရိကန်ဈေးကွက်၌ ၁၉၈၀ ပြည့်နှစ်များမှစတင်၍ ရောင်းချသည့် ကိုကာကိုလာထုတ်ကုန်များကို အချိုဓာတ်တိုးစေရန် ပြောင်းသကြားရည်(Corn Syrup)အသုံးပြုထုတ်လုပ်ထားသော်လည်း မက္ကဆီကိုကဲ့သို့သော ဈေးကွက်အချို့၌ ကြံသကြားအစစ်ကို အသုံးပြုထုတ်လုပ်သည့် ထုတ်ကုန်များကို ရောင်းချလျက်ရှိပါကြောင်း၊ Mexican Coke သည် အမေရိကန်ဈေးကွက်၌ လူကြိုက်များလာခဲ့ကာ Costco နှင့် Target ကဲ့သို့သောလက်လီအရောင်းဆိုင်များ၌ပါ အရောင်းတွင်ကျယ်လာခဲ့ကြောင်း၊ ယင်းသို့ကြံသကြားအစစ်ကို အသုံးပြုထုတ်လုပ်မည့် ထုတ်ကုန်အသစ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက် “TruthSocial”၌ “ကိုကာကိုလာထုတ်ကုန်များတွင် ကြံသကြားအစစ်ကိုအသုံးပြု၍ထုတ်လုပ်ရန် ကုမ္ပဏီနှင့်ဆွေးနွေးပြီးဖြစ်သည်”ဟုရေးသားခဲ့ပြီးနောက်တွင် ကုမ္ပဏီက ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊သမ္မတထရမ့်သည် Diet Coke ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး ၎င်း၏ဘဲဥပုံရုံးခန်း၌ပင် Diet Coke သောက်လိုသည့်အခါ အသုံးပြုရန် ခလုတ်တစ်ခုထားရှိကြောင်း၊ သမ္မတထရမ့်၏ ကျန်းမာရေးနှင့် လူသားရေးရာဝန်ဆောင်မှုဝန်ကြီး Mr. Robert F. Kennedy Jr. (Health and Human Services Secretary)က ပြောင်းသကြားရည်အသုံးပြုခြင်းသည် အဝလွန်ရောဂါနှင့် နာတာ ရှည်ရောဂါများဖြစ်စေသည်ဟုဆိုကာ ဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် ကြံသကြားအစစ်သည် ပြောင်းသကြားရည်ထက် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု သုတေသနများက ဖော်ပြထားခြင်းမရှိကြောင်း၊ ထို့အပြင် ကြံသကြားတင်သွင်းရာ၌ သတ်မှတ်ပမာဏကိုသာ သွင်းကုန်ခွန်နှုန်းထားဖြင့် တင်သွင်းခွင့်ပြုထားရာ ကြံသကြားသည် အစိုးရထံမှ အထောက်အပံ့ရယူ ထုတ်လုပ်ထားသည့် ပြောင်းသကြားရည်ထက်ပို၍ ဈေးကြီးကြောင်း သိရှိရပါသည်။
Source: CNBC News
https://www.cnbc.com/2025/07/22/coca-cola-to-roll-out-cane-sugar-soda-in-us.html
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)