International News

ဗီယက်နမ်နိုင်ငံသည် ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ရော်ဘာတန်ချိန် ၁.၁၁ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံရှိကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန အချက်အလက်များအရ သိရှိရပါသည်။

အဆိုပါကိန်းဂဏန်းများသည် ပမာဏအားဖြင့် ၀.၆ ရာခိုင်နှုန်းခန့် အနည်းငယ်ကျဆင်းခဲ့သော်လည်း ပို့ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် တစ်နှစ်ထက်တစ်နှစ် တန်ဖိုးအားဖြင့် ၁၂.၆ ရာခိုင်နှုန်းတိုးမြင့်လာပါသည်။

ပျမ်းမျှပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၇၅ သို့ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါ သည်။

ဩဂုတ်လ တစ်လတည်းတွင် ရော်ဘာတင်ပို့မှုစုစုပေါင်းသည် တန်ချိန် ၂၁၇,၀၀၀ တန်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၉ သန်းရရှိခဲ့ပါသည်။ ပမာဏအား ဖြင့် ၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၄.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းဖော်ပြထားပါသည်။ တရုတ်၊ မလေးရှား၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့သည် အဓိကဝယ်လက်များအဖြစ် တည်ရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံတွင် ရော်ဘာစိုက်ခင်း ၉၃၀,၀၀၀ ဟက်တာရှိပြီး ထိုင်းနှင့် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး သဘာဝရော်ဘာထုတ်လုပ်သူဖြစ်ကြောင်းသိရှိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ရော်ဘာတန်ချိန် ၂ သန်းနီးပါးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Source:  Vietnam Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News