International News

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေထွက်ပစ္စည်းတင်ပို့မှုသည် ၅ လအတွင်း အမေရိကန်ဒေါ်လာ ၂၈.၀၄ ဘီလီယံရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၅ လအတွင်း စိုက်ပျိုးရေး၊သစ်တောနှင့်ရေထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈.၀၄ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဌာန၏အဆိုအရ သိရှိရပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၅.၂၉ ဘီလီယံ၊မွေးမြူရေးထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၁၇.၂ သန်း၊ ရေထွက် ပစ္စည်းတင်ပို့မှုသည် ၄.၁၁ ဘီလီယံမြင့်တက်လာပြီး သစ်တောထွက်ကုန်တင်ပို့မှု သည် ၇.၄၈ ဘီလီယံမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

အဓိကကုန်စည်အများအပြားတွင် ပို့ကုန်ဒေတာသည်တိုးတက်မှုရှိခဲ့ပြီးကော်ဖီသည် တစ်နှစ်ထက်တစ်နှစ် ၆၅.၁ ရာခိုင်နှုန်းသိသိသာသာတိုးမြင့်ကာ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၇၉ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း၊သီဟိုဠ်စေ့တင်ပို့မှုသည် ၁.၈ ဘီလီယံအထိတိုးတက်လာကြောင်း၊ ငရုတ်ကောင်းတင်ပို့မှုသည် အမေရိကန်ဒေါ် လာ ၆၈၄.၄ သန်းရှိပြီး ရော်ဘာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၈.၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း သိရှိရပါသည်။

အာရှသည် ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များအတွက် အဓိကဈေးကွက်ဖြစ်ပြီး ၄၂ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်နိုင်ငံမှ ၂၃ ရာခိုင်နှုန်းနှင့် ဥရောပမှ ၁၆.၁ ရာခိုင်နှုန်းတို့အသီးသီးရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဈေးကွက်အရ အမေရိကန်သည် ဗီယက်နမ်စိုက်ပျိုးရေးသစ်တောနှင့် ရေထွက် ပစ္စည်းများတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ဗီယက်နမ်ပို့ကုန်ဝေစု၏ ၂၀.၅ ရာခိုင် နှုန်းရှိကြောင်း၊ ၎င်းနောက်တွင် တရုတ်နှင့် ဂျပန်တို့ပါဝင်ကြောင်း ဖော်ပြထားပါ သည်။

Source: VN Economy  

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News