International News

ထိုင်းနိုင်ငံ၌ ညွန့်ပေါင်းအစိုးရကွဲထွက်သွားခြင်းသည် နိုင်ငံ၏စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိ

Last Updated:

နိုင်ငံရေးမတည်ငြိမ်မှုသည် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်သော ဖျူထိုင်းပါတီနှင့် ၎င်း၏ညွန့်ပေါင်းမိတ်ဖက် Bhumjaithai ပါတီတို့အကြား ဖယ်ထုတ်လိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအတွေးများကို အကန့်အသတ်ဖြစ်ပြီး ထိုင်းပို့ကုန်များအပေါ် အမေရိကန်အခွန် ၃၆ ရာခိုင်နှုန်း၏ ခြိမ်းခြောက်မှုမြင့်တက်နေသော်လည်း ပေါင်းစည်မှုအတွက် ပူပန်မှုများရှိနေကြောင်း Siam Commercial Bank’s Economic Intelligence Center(SCB EIC)၏စီးပွားရေးပညာရှင် Mr. Poonyawat Sreesing က သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံစီးပွားရေးသည် နိုင်ငံရေးမသေချာမှုကြောင့် ဖိအားရှိနေပြီး အိမ်တော်ဆုံးဖြတ်ချက်မှ ပြင်းထန်သောအငိုက်မိမှုကို ခံနိုင်ရည်မရှိပါကြောင်း၊ အစိုးရအဖွဲ့အပြောင်းအလဲအတွက် ပိုမိုရှင်းလင်းမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စီးပွား ရေးသည် ထိခိုက်လွယ်နေပြီး ကပ်ရောဂါကာလနှင့် ရွေးကောက်ပွဲအသစ်ကာလနှင့်မတူဘဲ ပြင်းထန်သောအငိုက်မိမှုအတွက် ကြားခံမရှိနေသောကြောင့် မည်သူတစ်ဦး တစ်ယောက်သည် နိုင်ငံရေးတွင် သိသိသာသာပြောင်းလဲမှုကို အလိုမရှိကြောင်း၊ အစိုးရအဖွဲ့ပြောင်းလဲဖွယ်ရှိပါက စီးပွားရေးကျရှုံးနေမှုကို အထောက်အပံ့ပေးရန် အစိုးရ၏အဓိကမူဝါဒများကို ထိန်းထားသင့်ကြောင်း Mr. Poonyawat က ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ပြောင်းလဲမှုသည် နိုင်ငံစီးပွားရေးအပေါ် အပျက်သဘောသက်ရောက်မှုများကို နည်းစေရန်သိမ်မွေ့စွာပြီးဆုံးသင့်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုသည် ယုံကြည်မှုကိုကျဆင်းစေပြီး မည်သည့်နိုင်ငံရေးအပြောင်းအလဲကိုမဆို လျင်လျင် မြန်မြန်နှင့် ချောချောမွေ့မွေ့ရှေ့ဆက်စေချင်ကြောင်း SCB EIC ၏ စီးပွားရေးပညာရှင်အကြီးအကဲ Mr. Yunyong Thaicharoen က သုံးသပ်ထားပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုသည် ထိုင်းနိုင်ငံ၏ ကွဲကြေလွယ်သောအခြေအနေရှိပြီးဖြစ်သည့် အိမ်ထောင်စုကြွေးမြီ၊ အမေရိကန်သို့ ပို့ကုန်များနှင့် ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးအခြေအနေများကို အပျက်သဘောဖြစ်စေပါကြောင်း၊ ယင်းကြောင့် နိုင်ငံ၏ GDP ကို သုည သို့မဟုတ် ၁ ရာခိုင်နှုန်းသာရှိစေပြီး ပြင်ပခြိမ်းခြောက်မှုများကြောင့် နိုင်ငံ၏လုံခြုံရေးအပေါ် စိုးရိမ်မှုများဖြစ်စေကြောင်း၊ လက်ရှိအစိုးရ၏ သတင်းအချက်အလက်နည်းပညာစီမံကိန်းများသည် စီစဉ်ထားသည့်အတိုင်း တင်ဒါကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ဖွယ်ရှိသော်လည်း ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အဆိုပြုစီမံချက်အသစ်များတွင် နှောင့်နှေးနိုင်ကြောင်း၊ မတည်ငြိမ်သောအစိုးရအပေါ် ပြည်သူများ၏ယုံကြည်ချက် ယုတ်လျော့လာသည်ထက် လွှတ်တော်နှင့်ရွေးကောက်ပွဲအသစ်ကျင်းပခြင်းသည် အထိရောက်ဆုံး လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း IT Product Distributor SIS Distribution Thailand)Plc ၏မန်နေးဂျင်းဒါရိုက်တာ Mr. Somchai Sittichaisrichart က ဖြည့်စွက်သုံးသပ်ထားပါသည်။

သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် လုပ်အားသည် ကြံ့ခိုင်သော ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းလဲသွားရန် မျှော်လင့်ထားပါကြောင်း၊ အထူး သဖြင့် Cloud Computing နှင့် စွမ်းအင်ချွေတာသည့်နည်းပညာများဖြစ်ကြောင်း၊ အစိုးရအဖွဲ့တွင် အပြောင်းအလဲသည် နိုင်ငံ၏ဒီဂျစ်တယ်စီးပွားရေးမူဝါဒအပေါ် ဆိုးရွားစွာသက်ရောက်မည်မဟုတ်ကြောင်း၊ အရေးပါသောမဏ္ဍိုင်အဖြစ် ဖွဲ့စည်း ထားသဖြင့် ဒီဂျစ်တယ်မူဝါဒသည် ကျန်ရှိနေနိုင်သော်လည်း အစိုးရက ဦးစားပေးမှုအရ မူဝါဒများနှင့် ဆက်စပ်သည့်အဖွဲ့အစည်းများတွင် နိုင်ငံရေးပြောင်းလဲမှု၏ သက်ရောက်မှုကို စိုးရိမ်နိုင်ကြောင်း Telecommunication Association of Thailand ၏အကြီးတန်းအရာရှိနှင့်အထွေထွေအတွင်းရေးမှူးချုပ် Mr. Suebsak Suebpakdee က ထောက်ပြပါသည်။

ဖျူထိုင်းပါတီနှင့် ၎င်း၏ညွန့်ပေါင်းမိတ်ဖက် Bhumjaithai ပါတီတို့အကြား ခွဲခြားမှုကို မမျှော်လင့်ထားပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းပါတီနှစ်ခုသည် အပြန်အလှန်အကျိုးမျှဝေမှု များစွာရှိကြောင်း၊ အတူတကွရှိနေခြင်းထက် ခွဲခြားလိုက်ပါက ပိုမိုကျေးဇူးများနိုင်သည်လည်း ရှိနိုင်ကြောင်း၊ နိုင်ငံ၏အဓိကပြဿနာသည် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ပါဝင်မှုမရှိသည့် စီးပွားရေးဖြစ်သော် လည်း ဖျူထိုင်းက ပြည်ထဲရေးဝန်ကြီးဌာနက ရယူလိုခြင်းကြောင့် အစိုးရအဖွဲ့အပြောင်းအလဲ၏ နိုင်ငံရေးရှုထောင့်ကို ပြသပါကြောင်း၊ အစိုးရအဖွဲ့အသစ်သည် အစိုးရ၏တည်ငြိမ်မှုအတွက် အရေးကြီးပါကြောင်း၊ ပညာရှင်များကိုခန့်အပ်ပါက အစိုးရအပေါ် ပြည်သူ၏ယုံကြည်မှုကို ရရှိစေမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုများနှင့် ခွဲတမ်းစနစ်ဖြင့် ခန့်အပ်မည်ဆိုပါက လာမည့်ရွေးကောက်ပွဲသည် ဖျူထိုင်းပါတီအတွက် အလွန်အမင်းခက်ခဲနိုင်ကြောင်း၊အစိုးရအဖွဲ့သစ်သည် အကျိုးကျေးဇူး အပေးအယူမျှသာဖြစ်ပါက တည်ငြိမ်သောစီးပွားရေးနှင့် ကမ္ဘောဒီးယားနှင့်လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုများကြားတွင် အစိုးရအပေါ် ပြည်သူလူထု၏ယုံကြည်မှုသည် ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း Thammaset University ၏စီးပွားရေးပါမောက္ခ Mr. Kiatanantha Lounkaew က သုံးသပ်ထားပါသည်။

အစိုးရအဖွဲ့ပြောင်းလဲခြင်းအပေါ် အံ့ဩမှုမရှိသော်လည်း နိုင်ငံရေးတည်ငြိမ်မှုသည် စီးပွားရေးကို မောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဝန်ကြီးများ တဖြည်း ဖြည်းပြောင်းလဲခန့်အပ်နိုင်ပြီး မိမိတို့အနေဖြင့် အလုပ်ကို မည်သို့ဆောင်ရွက်ရမည်၊ မြေပြင်၌ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်သည့်ပုဂ္ဂိုလ်များကို အလိုရှိပါကြောင်း၊ အိမ်ထောင်စုများနှင့် လုပ်ငန်းများ၏ ယုံကြည်မှုပြန်လည်ရရှိရန် စီးပွား ရေးကို အထောက်အပံ့ပေးနိုင်မည့် အစိုးရအဖွဲ့အတွင်းစည်းလုံးမှုလိုအပ်ပါကြောင်း၊ အစိုးရ၏ဘတ် ၁၅၇ ဘီလီယံစီးပွားရေးလှုံ့ဆော်မည့် ဘတ်ဂျက်သည် အလုပ် အကိုင်နှင့်ဝင်ငွေကို ဖန်တီးပေးနိုင်ပြီး ရေရှည်တွင် စီးပွားရေးတိုးတက်မှုကို ခိုင်မာစေရန်မျှော်လင့်ပါကြောင်း ထိုင်းစက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Nava Chantanasurakon က ဆက်လက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News