International News

ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းအဆင့်တွင် ဟောင်ကောင်ဒေသအဆင့်သုံး၌ ရပ်တည်

Last Updated:

ဟောင်ကောင်ဒေသ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းတောက်လျောက်တိုးတက်လျက်ရှိရာ ၂၀၂၅ ခုနှစ် World Competitiveness Yearbook (WCY)၌ အဆင့်သုံးအထိမြင့်တက်လာခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ထိပ်တန်းအဆင့်သုံးနေရာတွင် ပါဝင်လာခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် “Hong Kong rises to third in global competitiveness ranking” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ယှဉ်ပြိုင်နိုင်စွမ်း စုစုပေါင်းအမှတ် ၁၀၀ အနက် ၉၉.၂ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၇.၇ မြင့်တက်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာစီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု(IMD)မှထုတ်ဝေသည့် အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ရေးသားထားပါသည်။

ယှဉ်ပြိုင်နိုင်စွမ်းကို အကဲဖြတ်သည့်အချက် (၄)ချက်အနက် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများထိရောက်မှုတွင် ဒုတိယအဆင့်အထိတိုးတက်ခဲ့ပြီး၊ စီးပွားရေးစွမ်း ဆောင်နိုင်မှုနှင့် အခြေခံအဆောက်အအုံအဆင့်မြှင့်တင်မှုတို့တွင် အဆင့်ခြောက်နှင့် အဆင့်ခုနှစ်တို့တွင် အသီးသီးရပ်တည်နေခဲ့ပါသည်။ ထို့ပြင် အခြားခေါင်းစဉ်ခွဲများဖြစ်သည့် အကောက်ခွန်မူဝါဒနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၌ ထိပ်ဆုံးအဆင့်တွင်လည်းကောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် ဘဏ္ဍာရေးတို့၌ ဒုတိယအဆင့်တွင်လည်းကောင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် တတိယအဆင့်တွင် ရပ်နေကြောင်းရေးသားဖော်ပြထားပါသည်။

Source: https://hongkongbusiness.hk/economy/news/hong-kong-rises-third-in-global-competitiveness-ranking

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News