အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံနှင့်ကုန်သွယ်ရေးဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းကြောင်း ၎င်းပိုင်လူမှုကွန်ရက် “Truth Social”၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတဒေါ်နယ်ထရမ့်က ၎င်းပိုင်လူမှုကွန်ရက်“TruthSocial”၌ရေးသား ဖော်ပြရာတွင် “ကနေဒါနိုင်ငံသည် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းရန် အလွန်ခက်ခဲသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် အမေရိကန်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ၏ နို့ထွက်ပစ္စည်းပို့ကုန်များအပေါ် သွင်းကုန်ခွန်(၄၀၀)ရာခိုင်နှုန်းအထိ နှစ်ပေါင်းများစွာကောက်ခံလျက်ရှိပြီး အမေရိကန်နည်းပညာကုမ္ပဏီများအပေါ် ဒစ်ဂျစ်တယ်ဝန် ဆောင်မှုအခွန်(Digital Service Tax)ကောက်ခံရန် မကြာသေးမီက ကြေညာခဲ့ရာ ယင်းသည် အမေရိကန်နိုင်ငံအပေါ်ဆိုးရွားသည့်တိုက်ခိုက် မှုဖြစ်ကြောင်း၊ ကနေဒါသည် အမေရိကန်နှင့် လက်ရှိကုန်သွယ်ရေးဆွေးနွေးလျက်ရှိသော ဥရောပသမဂ္ဂကဲ့သို့ ပုံတူကူးလိုက်လုပ်ခြင်းဖြစ် ကြောင်း၊ ကနေဒါနိုင်ငံက အမေရိကန်နည်းပညာကုမ္ပဏီများအပေါ် Digital Service Tax ကောက်ခံခြင်းကြောင့် အမေရိကန်နိုင်ငံသည် ကနေဒါနိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် သွင်းကုန်ခွန် မည်သည့်ပမာဏအထိပေးရမည်ကို (၇)ရက်အတွင်း အသိပေးသွားမည်ဖြစ်ကြောင်း” ဖြင့် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source: Donald J. Trump’s Truth Social