International News

ဘင်္ဂလားဒေ့ရှ်က ဆန်တန်ချိန် ၉ သိန်းတင်သွင်းရန် စီစဉ်နေသောကြောင့် အိန္ဒိယဆန်စက်နှင့် ဆန်ကုန်သည်များက ဈေးကွက်အခြေအနေပိုမိုကောင်းမွန်လာရန် မျှော်မှန်းလျက်ရှိ

Last Updated:

အိန္ဒိယဆန်စက်လုပ်ငန်းရှင်များနှင့် တင်ပို့ရောင်းချသူများသည် ဘင်္ဂလားဒေ့ရှ်၏ "ဆန်တန်ချိန် ၉ သိန်းတင်သွင်းရန်"အစီအစဉ်ကို ကျေနပ်နေကြပြီး ဆန်ဝယ်လိုအားနှင့် စျေးနှုန်းများ ပိုမိုကောင်းမွန်လာမည်ဟုမျှော်မှန်းထားကြောင်း ကုန်သည်လုပ်ငန်းရှင်များက  ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၆ ရာခိုင်နှုန်းကိုရရှိထားပြီး တည် နေရာအနေအထား၊၊ ဈေးကွက်ဖြည့်ဆည်းပေးနိုင်မှုနှင့်ယှဉ်ပြိုင်နိုင်သော စျေးနှုန်းများကြောင့် ဘင်္ဂလားဒေ့ရှ်၏အစီအစဉ်အပေါ် အဓိကအကျိုး ခံစားခွင့်ရနိုင်သူဖြစ်ရန် မျှော်လင့်ထားကြောင်း ၎င်းတို့ကပြောကြားထား သည်။

စုစုပေါင်းတင်သွင်းမှုအစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်အစိုးရက တန်ချိန် ၄ သိန်းကို နိုင်ငံတကာတင်ဒါတွေမှတစ်ဆင့်တိုက်ရိုက်၀ယ်ယူမည်ဖြစ် ကြောင်း၊ ကျန်ရှိသည့်တန်ချိန် ၅ သိန်းကို အိမ်နီးချင်းနိုင်ငံများ၏ ပုဂ္ဂလိ ကကုန်သည်များမှတစ်ဆင့် တင်သွင်းမည်ဖြစ်ကြောင်း၊ ယခုဆုံးဖြတ် ချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် စိုက်ပျိုးဆဲဖြစ်သည့် ဆန်စပါး(အမ်မုံစပါး)အထွက်နှုန်းထိခိုက်မှုဖြစ်နိုင် ခြေရှိမှုကိုစိုးရိမ်ပြီး ပုံမှန်အခြေအနေထက်ဆောလျင်စွာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း  Ricevilla Foods ၏ CEO Suraj Awgaral မှ ပြောကြားခဲ့သည်။

Jai Baba Bakreswar ဆန်စက်၏ဒါရိုက်တာဖြစ်သူRahul Agarwal က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ အဆိုပြုထားသောအစီအစဉ်မှ အကျိုး အမြတ်ရရှိရန် နိုင်ငံ၏ဆန်လုပ်ငန်းများ အထူးသဖြင့် ဘင်္ဂလားပြည်နယ်သည် ကောင်းမွန်သောအနေအထားတွင်ရှိပါကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံက Petrapole နယ်စပ်မှတဆင့် အဝတ်အထည်နှင့် ဂုန်လျှော်များတင်သွင်းမှုကို တားမြစ်ထားမှုကြောင့် သံတမန်ရေးရာ အတားအဆီးမရှိလာရန်မျှော်လင့်ပါကြောင်း၊ ပုဂ္ဂလိကတင်သွင်းမှု၏ အနည်းဆုံး ၃၀- ၄၀ % သည် Bengal ဆန်စက်များနှင့် ကုန်သည်များထံမှ ဝယ်ယူမှုများဖြစ်လာနိုင်ပါကြောင်း၊ ဘင်္ဂလားဆန်စက်များသည် တန်ချိန် ၄ သိန်းအတွက် အစိုးရတင်ဒါတွင် လည်းပါဝင်လာနိုင်ပါကြောင်း၊ Bengal၊ Jharkhand၊ Andhra Pradesh၊ Odisha နှင့် Bihar ကဲ့သို့ပြည်နယ်များ သည် အများဆုံးအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် Swarna၊ Ratna၊ Miniket နှင့် Sona Masoori ကဲ့သို့သောလူကြိုက်များသော အိန္ဒိယဆန်မျိုးကွဲများသည် အနောက်ဘင်္ဂလားနှင့် အိန္ဒိယတောင်ပိုင်းတို့တွင် မျှော်မှန်းထားသော ဝယ်လိုအားများလာချိန်တွင် ဈေးနှုန်းပိုမိုရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။

Swarna Mansoori ပေါင်းဆန်ဈေးနှုန်းသည် တစ်ကီလိုလျှင် ၂၉ ရူပီး မှ ၃၁ ရူပီး သို့မဟုတ် ၃၂ ရူပီးအထိမြင့်တက်လာနိုင်ပြီး Miniket အမျိုးအစားမှာ လက်ရှိရောင်းချလျက်ရှိသော ရူပီး ၄၁-၄၂ မှ လာမည့်သီတင်း ပတ်များအတွင်း တစ်ကီလိုလျှင် ၄၅ ရူပီးအထိရှိနိုင်ကြောင်း Suraj Agarwal က ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တန်ချိန် ၁၄ သိန်းကို  ဩဂုတ်လလယ်တွင် အပြီးသတ်ဝယ်ယူရန် လျာထားမှုအနက် ဘိုရိုစပါးတန်ချိန် ၃ ဒသမ ၇၆ သိန်းနှင့် ဆန်တန်ချိန် ၉ ဒသမ ၅၀ သိန်းကို ဝယ်ယူထားပြီးဖြစ်ကြောင်း သတင်းများအရ သိရသည်။

အစီရင်ခံစာများအရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မိသားစု ၅၅ သိန်းကျော်အထိအစားအစာထောက်ပံ့ရေးအစီအစဉ်ကို ယခုဩဂုတ်လမှစပြီး ဖြန့်ချိရန်အဆိုပြုထားပြီး၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင် ဘာ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွင်း တစ်လလျှင် ဆန် ၃၀ ကီလို ဂရမ်ကို တစ်ကီလိုဂရမ်လျှင် ၁၅ တာကာဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း သိရှိရသည်။

အိန္ဒိယဆန်တင်ပို့သူများက ယခုအစီအစဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏အဓိကဆန်ပေးသွင်းသူအဖြစ် အိန္ဒိယ၏အနေအထားကို ထပ်မံအခိုင် အမာဖြစ်စေမည်ဖြစ်ကြောင်းနှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။

ပို့ကုန်လုပ်ငန်းရှင်များက ပြည်တွင်းဈေးကွက်တွင် အနိမ်စားဆန်မှ အလတ်စားဆန်ဈေးကွက်အားမြှင့်တင်ရာတွင် ဘင်္ဂလားဒေ့ရှ်၏ အဓိက ဆန်တင်သွင်းသူအဖြစ် အိန္ဒိယ၏ရပ်တည်ချက်သည် ပိုမိုအားကောင်းလာမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။

Source: Indian millers, exporters optimistic as Bangladesh plans to import 9 lakh tonne rice: Stakeholders, The Economic Times, July 20, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News