International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဇန်နဝါရီလမှ ဇူလိုင်လလယ်အတွင်း ၁၆.၂ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် လ ၁၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၇၀.၆၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

ကိန်းဂဏန်းများအရ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၉.၁၉ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ သွင်းကုန်တန်ဖိုးမှာ ၁၇.၇ ရာခိုင်နှုန်းတိုးလာကာ အမေရိကန်ဒေါ်လာ ၂၃၁.၄၄ ဘီလီယံအထိရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)လုပ်ငန်းများသည် ဇူလိုင်လပထမနှစ်ဝက်အတွင်း ပို့ကုန် တန်ဖိုးအမေရိကန်‌ဒေါ်လာ ၁၄.၈၃ ဘီလီယံစံချိန်တင်နိုင်ခဲ့ကြောင်း၊ သွင်းကုန်ဘက်တွင် FDI ကုမ္ပဏီများက တင်သွင်းသည့်ကုန်ပစ္စည်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃.၈၄ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

ဇူလိုင်လလယ်တွင် FDI လုပ်ငန်းများ၏ စုစည်းတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၅.၈ ဘီလီယံထိရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အလားတူကာလထက် ၁၇.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏ၏ ၇၃.၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ကြောင်း၊ ၎င်းတို့၏ စုစုပေါင်းသွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅၃.၃၁ ဘီလီယံသို့ရောက်ရှိခဲ့ပြီး နိုင်ငံ၏ စုစုပေါင်းသွင်းကုန်၏ ၆၆.၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ဇူလိုင်လအစောပိုင်းတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃၄ သန်းရှိသော်လည်း ဗီယက် နမ်သည် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၇.၇၄ ဘီလီယံကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၄ ဘီလီယံရရှိရန် မျှော်မှန်း ထားပြီး ၂၀၂၄ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ရေးသားဖော်ပြထားပါသည်။

Source: https://en.baochinhphu.vn/trade-turnover-jumps-162-from-january-to-mid-july-1112508041 71425088.htm

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News