Local News

ထောပတ်သီးတောင်သူ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Last Updated:

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ဦးစီးမှူးရုံးခန်းမတွင် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)နှင့် ပူးပေါင်း၍ တောင်သူဆွေးနွေးပွဲနှင့် GACC အကြောင်း ရှင်းလင်းဆေးနွေးပွဲကို နံနက် ၉:၀၀ နာရီမှ ညနေ ၃:၃၀ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဦးစီးမှူးမှ မြန်မာနိုင်ငံထောပတ်သီးများ နှစ်အလိုက်တင်ပို့မှု အလားအလာရှိသည့် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ တင်သွင်းမှုနှင့် ဈေးကွက်အခြေအနေ၊ မြန်မာနိုင်ငံ၊ စံချိန်စံညွှန်းကော်မတီမှ ရေးဆွဲထုတ်ပြန်ထားရှိသည့် ဥရောပစံချိန်စံညွှန်းအတိုင်း ရေးဆွဲထုတ်ပြန်ထားရှိသည့် မြန်မာနိုင်ငံ၊ ထောပတ်သီးစံချိန်စံညွှန်းများအကြောင်း၊ MAVO အသင်း ဥက္ကဋ္ဌမှ တောင်သူအများပိုင်ကုမ္ပဏီ ထူထောင်ထားရှိပြီး ယခုရာသီတွင် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန်လျာထားသည့်အခြေအနေ၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအား အသင်းဝင်တောင်သူများထံသို့ အကျိုးတူပူးပေါင်း၍ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အတွင်းရေးမှူး ဦးကျော်စိုးမင်းမှ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်မှုအတွက် ဈေးကွက်ရရှိနိုင်မှု အရည်အသွေးကောင်းစံချိန်မှီအသီးများ ထုတ်လုပ်နိုင်ရန်လိုအပ်ချက်များ၊ ယခု (၁၀)လပိုင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရန် GACC အတွက် ပိုးမွှား (၆)မျိုး စစ်ဆေးရန်အတွက် ခြံပိုင်ရှင်များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ ဦးရဲလင်းဦးမှ အပင်အဟာရအတွက် အချိန်ကာလအလိုက် ထည့်သွင်းရမည့် အခြေအနေများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများ၊ လုပ်ငန်းရှင်းစုစုပေါင်း (၈၂)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး၊ ပြည်ပနိုင်ငံ ဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရေးကို ခြံရှင်များမှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

MT-Shan (Taunggyi)

Category: Local News