Local News

ဧည့်မထဆန်ဈေးနှင့် ဆန်ကွဲဈေးများကျဆင်း၍ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၄.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၁.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၁၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၃၀၀၀ ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀ဝကျပ် ဈေးများကျ၍ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနု ဈေးများ တည်ငြိမ် လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)နှင့် ဆန်ကွဲဈေးများ ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

                                                     

 

Category: Local News