Local News

ဧည့်မထဆန်(သစ်)နှင့် ဆန်ကွဲ ဈေးများကျဆင်း၍ ဖွဲနုဈေးမြင့်တက်ကာ ဧည့်မထဆန်(ဟောင်း)နှင့် ပေါ်ဆန်းမွှေးဆန် ဈေးငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၇.၇.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၈၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၅၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၄.၇.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၇၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ  ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၃၀၀ဝ ကျပ်၊ နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀ဝကျပ်ဖြင့် ဈေးများကျ၍ ဖွဲနုတစ်အိတ် ၂၁၀၀ ကျပ် ဈေးမြင့်တက်ကာ ဧည့်မထဆန်(မနောသုခ)ဟောင်းနှင့် ပေါ်ဆန်းမွှေးဆန် ဈေးများတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)သစ် နှင့် ဆန်ကွဲဈေးများ ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပြီး ဖွဲနုဈေးမြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွား ခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News