Local News

ဧည့်မထဆန်(ဟောင်း၊သစ်)နှင့် ဖွဲနုဈေးများမြင့်တက်၍ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4) ဈေးများကျဆင်းကာ ဆန်ကွဲB(1,2)ဈေး တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၈.၇.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်  ၊ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၇၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၅.၇.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၅၀၀ဝကျပ်  ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ  ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနေသုခ) (သစ်)တစ်အိတ်၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၆၀၀၀ကျပ်ဈေး များမြင့်တက်၍ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀၀ကျပ်  ဈေးကျ၍ ဆန်ကွဲB(1,2) ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနေသုခ)နှင့် ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲB(2,3,4)ဈေးများကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်း ခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

 

Category: Local News