Local News

ပေါ်ဆန်းမွှေးဆန်(သစ်)၊ဆန်ကွဲ B(1,2)/ B(2,3,4) ဈေးမြင့်တက်ကာများ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်) (ဟောင်း)နှင့်ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၆.၄.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၄၃၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၃၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၀.၄.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၃၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၄၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၃၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ် ၁၀၀၀၀ ကျပ်၊   ဆန်ကွဲ B(1,2)တစ်အိတ် ၂၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၂၀၀၀ကျပ်ဈေမြင့်တက်ခဲ့ပြီး ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဧည့်မထဆန်(ဟောင်း)/(သစ်)၊ ဖွဲနုဈေးများ မှာ ဈေးငြိမ်လျှက်ရှိနေပါသည်။ ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဆန်ကွဲ B(1,2)၊ ဆန်ကွဲ B(2,3,4)ဈေးများ မြင့်တက်ရခြင်းမှာ ပစ္စည်း အရည်အသွေးနှင့်ဝယ်လိုအား မြင့်တက်ခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။  

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

 မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News