၂၀၂၅ ဩဂုတ်လ ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ကုန်နှင့် ရေချိုပုဇွန်ထုပ် တစ်ပိဿာပေါက်ဈေးနှုန်းမှာ ငါးဒန် ကျပ် ၉၀၀၀၊ ငါးခုံးမ ကျပ် ၇၈၀၀၊ ငါးကြင်း ကျပ် ၁၁၀၀၀၊ တီလားဗီးယား ကျပ် ၁၆၅၀၀၊ ပလာတူး ကျပ် ၈၃၀၀၊ ပလာလန်း ကျပ် ၁၅၀၀၀၊ ရွှေငါး ကျပ် ၉၂၀၀၊ ငါးနှပ် ကျပ် ၄၀၀၀ ၊ ငါးကွန်းရှပ် ကျပ် ၁၅၃၀၀၊ ငါးရွေးကြီး ကျပ် ၁၆၀၀၀၊ ရေချို ပုဇွန်ထုပ်(စိမ်း) အကြီး ကျပ် ၉၃၅၀၀၊ အလတ် ကျပ် ၈၇၀၀၀၊ အငယ်ကျပ် ၆၂၀၀၀ အသီးသီး ဖြစ်ပေါ်နေသည်။
ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ရေထွက်ကုန်အများစု ပစ္စည်းလက်ကျန်အနည်း/ အများပေါ်မူတည်၍ ဈေးနှုန်းအတက်/အကျ အနည်းငယ်ပြောင်းလဲနေသော်လည်း ရေချိုပုဇွန်ထုပ် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး