ဩဂုတ်လ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်း စုစုပေါင်း ၄.၇ သိန်းကျော် လျာထားပြီး ယနေ့အထိ စိုက်ပျိုးဧကပေါင်း ၃.၃ သိန်းကျော် စိုက်ပျိုးပြီးစီးနေကြောင်း သိရပါသည်။ အများဆုံးစိုက်ပျိုးသော ခရိုင်များမှာ ရွှေဘိုခရိုင် ဧက ၁ သိန်းကျော်၊ ကန့်ဘလူခရိုင် ဧက ၉ သောင်းကျော်၊ စစ်ကိုင်းခရိုင် ဧက ၄ သောင်းကျော်၊ ရေဦးခရိုင် ဧက ၃ သောင်းကျော်၊ မုံရွာ ခရိုင် ဧက ၃ သောင်းခန့်၊ ယင်းမာပင်ခရိုင် ဧက ၂ သောင်းကျော်၊ ကလေးခရိုင် ဧက ၆ ထောင်ကျော် အသီး သီးစိုက်ပျိုးပြီးစီးနေကြောင်း စိုက်ပျိုးဦးစီးဌာနမှသိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်း တစ် တင်းပေါက်ဈေးနှုန်းမှာ ၇၅၀၀၀ ကျပ် မှ ၁၀၅၀၀၀ ကျပ်ထိရှိပြီး ယခင်ပတ်ကာလတူပေါက် ဈေးနှုန်း မှာ ပဲတီစိမ်း တစ်တင်း ၇၀၀၀၀ ကျပ် မှ ၁၁၀၀၀၀ ကျပ်ထိရှိပြီး နှိုင်းယှဉ်ပါ ပဲတီစိမ်း တစ်တင်းလျှင် ၅၀၀၀ ကျပ် ကျဆင်းလာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး