Local News

မြေထည်လုပ်ငန်းများ ဈေးနှုန်းဈေးကွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါ သည်။ ထုတ်လုပ်သည့် မြေထည်ပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုးပြင် ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုးတို့အား ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်အခါသည် မြန်မာလူမျိုးတို့၏ နှစ်သစ်သို့ ကူပြောင်းတော့မည့် တန်ခူးလရာသီ သို့ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြန်မာဓလေ့ထုံးလမ်းအစဉ် အလာရ ကျင်းပလေ့ရှိသော သင်္ကြန်ပွဲတော်နီးပြီဖြစ်သည့်အတွက် အတာသင်္ကြန်အိုးများ အရောင်းအဝယ်တွင် ကျယ်လာပါသည်။ အတာသင်္ကြန်အိုးများကို တစ်ရက်လျှင်အလုံးရေ(၁၅၀၀)လုံးခန့် ဈေးကွက်အတွင်း သို့ ဝင်ရောက်လျက်ရှိသည်။ အတာသင်္ကြန်အိုးများကို ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ချောက်မြို့ နယ် ဂွေးချို၊ ဂွေးပင်၊ ထိန်စမ်း၊ ကန်ရေကြီး၊ ကန်ရေလေးသို့လည်းကောင်း၊ စလေမြို့သို့လည်းကောင်း၊ နတ်မောက်မြို့နယ်နှင့်တောင်တွင်းကြီး မြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဘုရားပန်းအိုး(လတ်)များသည် တစ်လုံးလျှင် လက်ကား(၈၀၀)ကျပ် လက်လီ(၁၀၀၀)ကျပ်၊ မုန့်ပြားသလက်အိုးခင်းနှင့် ဟင်းအိုးပြင်ခွက်ဝင်အိုးများသည်လက္ကားအနေဖြင့်(၁၀၀၀)ကျပ်၊လက်လီအနေဖြင့်(၁၅၀၀)ကျပ်၊ ကောက်ညှင်းပေါင်းအိုးနှင့် ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၁၅၀၀)ကျပ်၊ လက်လီအနေဖြင့်(၂၅၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် လက္ကား(၄၅၀၀)ကျပ်နှင့် လက်လီ(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။

၂၀၂၆ ခုနှစ် ယခုကာလတွင် အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဘုရားပန်းအိုး(လတ်)များသည် တစ်လုံးလျှင်လက်ကား(၁၀၀၀)ကျပ် လက်လီ(၁၅၀၀)ကျပ်၊မုန့်ပြားသလက်အိုးခင်းနှင့်ဟင်းအိုးပြင်ခွက်ဝင်အိုးများသည်လက္ကားအနေဖြင့်(၁၅၀၀)ကျပ်၊လက်လီအနေဖြင့် (၂၀၀၀)ကျပ်၊ ကောက်ညှင်း ပေါင်းအိုးနှင့်ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၂၅၀၀)ကျပ်၊ လက်လီအနေဖြင့် (၃၅၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင်လက္ကား (၅၀၀၀)ကျပ်နှင့်လက်လီ(၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြေထည်အိုးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

Source:     https://www.doca.gov.mm

Category: Local News