Local News

မြန်မာနိုင်ငံရှိ အပူပိုင်းဒေသသစ်သီးဝလံများ သုတေသလုပ်ငန်းကို ယူနန်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီနှင့် ပူးပေါင်းဆောင်ရွက်မည်

Last Updated:

   မြန်မာနိုင်ငံရှိ အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသနလုပ်ငန်းများကို တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူနားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
   မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Tropical Subtropical Cash Crops Research Institute, Yunan Academy of Agricultural Sciences တို့သည် “2026 Yunnan Provincial International Science and Technology Commissioner” စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူနားလည်မှုစာချွန်လွှာကို မတ်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
   အဆိုပါ စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့် အခြားသော အပူပိုင်းဒေသ သစ်သီးဝလံ များအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်မှုလုပ်ငန်းများကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပိုးမွှားများနှင့် ရောဂါများကို သုတေသနပြုခြင်းသည် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်သီးနှံများအတွက် ဈေးကွက်အလားအလာကို မြှင့်တင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါ  သည်။
Source: https://opinionleadersmedia.com/

Category: Local News