မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃,၀၀၉,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃,၃၂၉,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၈၀၀,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၁၄,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၇,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄,၀၀၀ အသီးသီးဈေး မြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၉၀ လုံး (တန်ချိန် ၂၁၆၀၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၄၅ လုံး (တန်ချိန် ၁၀၈၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၄၅ လုံး (တန်ချိန် ၁၆၈၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) ပိုမိုဝင်ရောက် ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၇,၅၀၀၊ မြားနီ ကျပ် ၉,၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇,၀၀၀ ၊ မိုးထောင် မြစ်ဝပု ကျပ် ၁၀,၅၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၁၅၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၇၀၀ (၃၄,၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၇၀၀ (၃၄,၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၅၀၀(၁၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁,၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၆၁၀၀ နှင့် မန်ကျည်းအသား(သစ်)ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းများ ဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၈၀၀ ၊ ပခုက္ကူ ကြမ်း (သစ်) ကျပ် ၅၅၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၀၀၀၊ ကြံသကာ ကျပ် ၅၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၇၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး