၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်းများအရ သိရှိရပါသည်။ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄၀ သန်း ကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ပကို ဆန်တင်ပို့ရာတွင် မဒါဂတ်စကား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်နှင့်စပိန်နိုင်ငံတို့ကို အများဆုံး တင်ပို့ခဲ့ပြီး ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့်ဗြိတိန်နိုင်ငံတို့ကို အများဆုံး တင်ပို့ခဲခြင်း ဖြစ်ပါသည်။ လက်ရှိတွင် တောင်သူလယ်သမားများဟာ နွေစပါးစိုက်ခင်းများကို အောင်ရေနှင့်ရိတ်သိမ်းရန်အတွက် လောင်စာဆီ ရရှိရန် အခက်အခဲရှိနေကြောင်း စပါးစိုက်တောင်သူအများစုက ပြောကြပါသည်။။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ညီနောင်ဖြစ်သည့် ဆန်စက်အသင်းနှင့်ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူအသင်းများအနေဖြင့် စက်သုံးဆီ ဝယ်ယူပြီး တောင်သူများ၏ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ရရှိအောင် ဆောင်ရွက်ပေးနေပြီး ဆိုလာနှင့်ရေတင်ခြင်း၊ ရေသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားပါသည်။
ဆိုလာနှင့်ရေတင် ရေသယ်ခြင်းကို လုပ်ချင်သည့်တောင်သူများ ရှိရင်လည်း ကူညီပေးသွားမယ်လို့ သိရှိရပါသည်။ နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ငစိန် အုပ်စုဝင်များဖြစ်သည့် ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့်ဆန်ကြမ်းများကို အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံက ဈေးကွက် ဝေစုရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ရယူထားတယ်လို့ သိရှိပါတယ်။
Source: https://onenewstvchannel.com
ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၈၆၁ သန်း ရရှိ
Category:
International News