မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက်ဈေးနှုန်းဖွင့်လှစ်ရောင်းဝယ်သည့် ရော်ဘာ RSS-3 (Ribbed Smoke Sheet-3) တစ်ပေါင်ဈေးနှုန်းမှာ ၂၀၂၅ နိုဝင်ဘာ ၆ ရက်နေ့တွင် မော်လမြိုင် ၂၇၂၀ ကျပ်၊ ကျိုက်မရော ၂၆၀၀ ကျပ်၊ ချောင်းဆုံ ၂၇၀၀ ကျပ်၊ မုဒုံ ၂၆၅၀ ကျပ်၊ သံဖြူဇရပ် ၂၇၂၀ ကျပ်၊ ရေး ၂၂၂၀ ကျပ်၊ ပေါင် ၂၇၀၀ ကျပ်၊ သထုံ ၂၇၀၀ ကျပ်၊ ဘီးလင်း ၂၇၀၀ ကျပ်နှင့် ကျိုက်ထို မြို့နယ်တွင် ၂၇၂၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါသည်။
အောက်တိုဘာ ၃၁ ရက်နေ့ ရော်ဘာ RSS-3 တစ်ပေါင် ဈေးနှုန်းမှာ မော်လမြိုင် ၂၆၅၀ ကျပ်၊ ကျိုက်မရော ၂၅၅၀ ကျပ်၊ ချောင်းဆုံ ၂၇၀၀ ကျပ်၊ မုဒုံ ၂၇၂၀ ကျပ်၊ သံဖြူဇရပ် ၂၇၂၀ ကျပ်၊ ရေး ၂၂၂၀ ကျပ်၊ ပေါင် ၂၇၁၀ ကျပ်၊ သထုံ ၂၇၄၀ ကျပ်၊ ဘီးလင်း ၂၇၂၀ ကျပ်နှင့် ကျိုက်ထိုမြို့နယ်တွင် ၂၇၀၀ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခင်ပတ်ရော်ဘာတစ်ပေါင်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မော်လမြိုင် ၇၀ ကျပ်၊ ကျိုက်မရော ၅၀ ကျပ်၊ ကျိုက်ထို ၂၀ ကျပ် စျေးတက်နေပြီး မုဒုံ ၇၀ ကျပ်၊ ပေါင် ၁၀ ကျပ်၊ သထုံ ၄၀ ကျပ်၊ ဘီးလင်း ၂၀ ကျပ် စျေးကျနေကြောင်းနှင့် ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ် တို့တွင် စျေးနှုန်းတည်ငြိမ်နေကြောင်း ရော်ဘာဈေးကွက်အတွင်းမှသိရှိရပါသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံး