Local News

မအူပင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးမှုနှင့် ငရုတ်ခြောက် ဈေးကွက် ဈေးနှုန်း

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးပြီးဖြစ်ကြောင်း နှင့် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီက မအူပင်မြို့နယ်၌    ငရုတ် ၆၆၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊    လက်ရှိတွင် ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ရာ တစ်ဧက လျှင် ၃၇၀ ဒသမ ၀၈ ပိဿာခန့် ထွက်ရှိ ကြောင်း သိရသည်။

မအူပင်မြို့နယ်မှာ ဆောင်းသီးနှံ စိုက်ပျိုးရာသီက ငရုတ်ဧက  ၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး  ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ အရည်အသွေးကောင်းမွန်တဲ့    ငရုတ်မျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့ကြပြီး ငရုတ် အပါအဝင် ဆောင်းသီးနှံတွေ အားလုံး  လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင် ကြောင်း သိရသည်။ ငရုတ်များကို စိုက်ပျိုးပြီး ဒေသထွက် ငရုတ်စတင်ပေါ်ချိန် ၂၀၂၅ခုနှစ် ဒီဇင်ဘာလက  ဈေးနှုန်းအနေဖြင့် ၁၁၀၀၀ ကျပ်ဖြင့် ရောင်းဝယ် ဖောက် ကားခဲ့ပြီး၊ ၂၀၂၆ခုနှစ် မေလဆန်းတွင် ငရုတ်ခြောက် ၁ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ငရုတ်ရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရသည်။ ငရုတ်စိုက်ပျိုးရာတွင် ယခုနှစ် အနေဖြင့်  ငရုတ်မျိုးစေ့၊ မြေပြင်ခ၊ သွင်းအားစုနှင့် လုပ်အားခ စုစုပေါင်း တစ်ဧကလျှင် ကျပ် ၂၅ သိန်းမှ သိန်း ၄၀ ဝန်းကျင် ခန့်အထိ ကုန်ကျကြောင်း၊ ဧရာဝတီတိုင်း၌ စတားဟော့ (Star Hot)၊ ဆန်းရှိုင်း (Sun Shine)၊ အမ်ပါဝါကိုး (M Power 9) နှင့် ဒီမွန် (Demon) စသည့် ငရုတ်မျိုးများကို အဓိကစိုက်ပျိုးလေ့ရှိသည်။ စိုက်ပျိုးချိန်မှစ၍ ၄ လခန့်အကြာတွင် စတင်ရိတ်သိမ်းနိုင်ပြီး၊ တစ်ရာသီတွင် များသောအားဖြင့် ၈ ကြိမ်ခန့်အထိ ခူးဆွတ်နိုင်ကြောင်း ငရုတ်စိုက်ပျိုးသူ စိန်းလမ်းမြေ လုပ်ငန်းရှင်ထံမှ သိရသည်။ ငရုတ်တစ်ဧကလျှင် အထွက်နှုန်း ပိဿာချိန် ၅၅၀ ခန့်ထွက်ရှိနိုင်ပြီး  ပိဿာချိန်ပေါ်မူတည်၍ အကျိုးအမြတ်များရရှိနိုင်သည်ဟု စိုက်ပျိုးသူအနေဖြင့် ယခုနှစ် အကျိုးအမြတ် ၂၅သိန်း ဈေးနှုန်းပြောင်းလဲမှုအရ အကျိုးအမြတ်ကျန်ရှိသော သိရသည်။

Category: Local News