Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၈-၁၀-၂၀၂၅ မှ ၁၀-၁၀-၂၀၂၅) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ                                                   

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၂,၈၂၀,၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃,၁၀၀,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၆၂၇,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၈၂,၀၀၀ နှင့် မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၈၂,၀၀၀၊ ပဲစင်းငုံ Red/ RC(2024 Crop) ကျပ်  ၅၇၀၀၀ အသီးသီးဈေး ကျဆင်းခဲ့သည်။  ယခင်အပတ်က ကုန်စည်ဒိုင်သို့   မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀)  နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။  

 ငရုတ်     

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၇,၅၀၀၊ မြားနီ ကျပ် ၉,၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇,၀၀၀ ၊ မိုးထောင်မြစ်ဝပု ကျပ် ၁၂,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၂၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ် ပေါင်း ၁၅၀၀ (၃၀,၀၀၀ ပိဿာ)ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင်  ငရုတ်ရှည်အိတ်ပေါင်း ၉၀၀ (၁၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၆၀၀ (၁၂,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။   

မန်ကျည်းသီး 

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၆၀၀၀ နှင့် မန်ကျည်းအသား (သစ်)ကျပ် ၉၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း  မန်ကျည်းများ ဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား 

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၅၇၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၂၀၀၊ ကြံသကာ ကျပ် ၅၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၆၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများဈေးငြိမ် လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News