Local News

ပဲစင်းငုံနီနှင့် ပဲတီစိမ်း ဈေးကွက်အခြေအနေ

Last Updated:

   အောက်တိုဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲစင်းငုံနီမှာ လက်ကျန်နည်း နေပြီး အရောင်းအဝယ်သွက်လာကြောင်း၊ ပဲတီစိမ်းမှာ ဆောင်းသီးနှံစိုက်ပျိုးချိန်အတွက်  မျိုးပဲများ   အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။

   ပဲစင်းငုံနီ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ကျပ်၊ ယခင်တစ်ပတ်  ၂၄၃၀၀၀ ကျပ်၊ ယခင်လ ၂၃၅၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ မှ ၆၀၀၀ ကျပ် ခန့်ဈေးနိမ့်လာပြီး၊ ယခင်လထက် ၂၀၀၀ မှ ၃၀၀၀ ကျပ်ခန့်ဈေးမြင့်လာသည်။

   ပဲတီစိမ်း (ညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၃၂၅၀၀၀ မှ ၃၄၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၃၁၅၀၀၀ မှ ၃၄၀၀၀၀ ကျပ်၊ ယခင်လ ၂၈၀၀၀၀ မှ ၃၁၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ် ခန့်ဈေးမြင့်လာပြီး၊ ယခင်လထက် ၂၅၀၀၀ မှ ၄၅၀၀၀ ကျပ်ခန့် ဈေးမြင့်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News