Local News

တရုတ်နိုင်ငံ၏ ပြည်ပသွင်းကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစည်းမျဉ်းသတ်မှတ်ချက်များ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC အနေဖြင့် တရုတ်နိုင်ငံ၏ ပြည်ပသွင်းကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစည်းမျဉ်းသတ်မှတ်ချက်များ အမိန့်အမှတ် - ၂၈၀ နှင့် အကောင်အထည်ဖော်မှု ကြေညာချက်အမှတ်-၂၇ တို့အား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ 
အဆိုပါ စည်းကမ်းသတ်မှတ်ချက်များသည် ၁-၆-၂၀၂၆ ရက်မှ စတင်၍ အသက်ဝင်မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် ယင်းသတ်မှတ်ချက်များအား တရုတ်နိုင်ငံ၊ GACC ၏ သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးကင်းရေးဗျူရို၏ Website: http://jckspj.customs.gov.cn/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း  အသိပေးအကြောင်းကြားပါသည်။

GACC, ရုံးလုပ်ငန်းအဖွဲ့
ပြည်တွင်းကုန်သွယ်မှုဌာနခွဲ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News