ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား (၉) ပေနှင့် အနံ (၃) ပေကို (၅၀၀၀၀) ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။
ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး (၁၅) ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၈-၁၀) ပိဿာထိရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး (၁၅၀၀၀ )ကျပ်၊ လက်ကားဈေး (၁၄၅၀၀) ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
source: https://www.doca.gov.mm