တရုတ်ကုမ္ပဏီများအနေနှင့် လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာသည့် အေအိုင်နည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ကာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို တွန်းအားပေးလျက်ရှိသည်။
တရုတ်ကုမ္ပဏီများသည် အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာပိုင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြပြီး နည်းပညာ ဆန်းသစ်တီထွင်မှုတွေကို အားပေးလာကြသည်။ Generative AI နည်းပညာသည် ကုမ္ပဏီတွေကို ခိုင်မာသည့်ထောက်ပံ့ရေးကွင်းဆက်တွေ တည်ဆောက်နိုင်စေပြီး ရုတ်တရတ် ပြောင်းလဲမှုတွေကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ကူညီပေးသည်။ Generative AI ဆိုတာ ရုပ်ပုံ၊ စာ၊ အသံနဲ့ ဗွီဒီယိုများကို ထုတ်ပေးသည့် ဒေတာပမာဏ အမြောက်အမြားအသုံးပြုပြီး လေ့ကျင့်ပေးထားသည့် ကွန်ပျူတာ အယ်လ်ဂိုရစ်သမ်တစ်ခုဖြစ်သည်။
အစီရင်ခံစာတွေအရ ပြီးခဲ့တဲ့နှစ်တွေအတွင်းက တရုတ်ကုမ္ပဏီတွေဟာ အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုကို ပိုမို အာရုံစိုက်လာကြကြောင်း သိရှိရသည်။ နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုအပိုင်းမှာ ပိုမိုရင်းနှီးမြှုပ်နှံလာကြပြီး နိုင်ငံတကာဈေးကွက် တိုးချဲ့ကာ ဒီဂျစ်တယ်နည်းပညာပိုင်းတွင် ငွေကြေးထည့်ဝင်မှုများ တိုးမြှင့်လုပ်ဆောင်လာကြကြောင်း သိရှိရသည်။
source: https://onenewstvchannel.com
AI နည်းပညာ၌ တရုတ်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာ
Category:
International News