Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် တည်သီးများ စတင်ရောင်းချလျက်ရှိ

Last Updated:

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသည့်ဆိုင်များတွင် တည်သီးများကို စတင်ရောင်းချနေကြောင်း သိရသည်။ တည်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။
   တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချနေသော တည်သီးဈေးနှုန်းမှာ တည်သီး(၁)လုံးလျှင်(၂၀၀၀)ကျပ်နှင့် တည်သီး (၅)လုံးလျှင် (၁၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။   

source: https://www.doca.gov.mm/

Category: Local News