Local News

ဧည့်မထဆန်(သစ်)နှင့် ဖွဲနုဈေးများ ဈေးတက်၍ ဧည့်မထဆန်(ဟောင်း) နှင့် ပေါ်ဆန်းမွှေးဆန်ဈေးများ ကျကာ ဆန်ကွဲဈေးများ တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၃.၆.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၈၀၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၇၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ (၂၀.၆.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်နှင့်  ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀ဝ ကျပ် ဈေးများကျ၍  ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၅၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၈၇၀၀ ကျပ် ဈေးများမြင့်တက်ကာ ဆန်ကွဲဈေးများ တည်ငြိမ်လျက်ရှိသည်။ ဧည့်မထဆန် (မနောသုခ) (ဟောင်း)နှင့် ပေါ်ဆန်းမွှေးဆန်ဈေးများ ကျဆင်း သွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ) (သစ်)နှင့် ဖွဲနုဈေးများဈေးမြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်းပြီး ဝယ်လို အားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News