Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

    ကရင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်အတွင်း ပဲမျိုးစုံ (၁) ပိဿာ ဈေးနှုန်းမှာ ပဲထော ပတ် ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၅၂၀၀ ကျပ်၊ ပဲပုတ် ၆၀၀၀ ကျပ်၊ ဘိုကိတ် ၅၀၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၆၀၀၀ ကျပ်၊ မတ်ပဲ ၅၃၀၀ ကျပ်၊ မြေပဲဆန် ၇၅၀၀ ကျပ်၊ ကိုင်းနှမ်း ၁၂၀၀၀ ကျပ် နှင့် ပဲနီပြား ၆၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်)နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ) တို့မှ သိရှိရသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲထောပတ် ၁ ပိဿာ ၆၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၅၂၀၀ ကျပ်၊ ပဲပုတ် ၁ ပိဿာ ၆၀၀၀ ကျပ်၊ ဘိုကိတ် ၁ ပိဿာ ၅၀၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၁ ပိဿာ ၆၀၀၀ ကျပ်၊ မတ်ပဲ ၁ ပိဿာ ၅၃၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၇၅၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၁၂၀၀၀ ကျပ်နှင့် ပဲနီပြား ၁ ပိဿာ ၆၀၀၀ ကျပ် ဈေးနှုန်းရှိပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံဈေးနှုန်းများ ငြိမ်သက်နေပါကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရှိရသည်။ 
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News