Local News

ကုလားပဲမျိူစုံ လက်ကျန်နည်းပြီး အရောင်းအဝယ်ပုံမှန်ရှိနေ

Last Updated:

   ယခုတစ်ပတ် မန္တလေးကုန်စည်ဒိုင်တွင် ပြည်တွင်းသုံးပဲဖြစ်သည့် ကုလားပဲမျိုးစုံမှာ လက်ကျန်နည်းပြီး အရောင်း အဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။ ကုလားပဲ (V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၄၄၀၀၀ မှ ၂၄၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၄၂၀၀၀ ကျပ် ၊ ယခင်လ ၂၅၂၀၀၀ မှ ၂၅၃၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ၂၀၀၀ မှ ၃၀၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် ၈၀၀၀ ကျပ်ခန့်  ဈေးနိမ့်လာသည်။
    ကုလားပဲ (V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၇၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၂၈၀၀၀ ကျပ်၊ ယခင်လ ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ကျပ်ဖြစ်သည်။ ယခင် တစ်ပတ် ထက် ၁၀၀၀ ကျပ်၊ ယခင်လထက် ၁၀၀၀၀ မှ ၁၁၀၀၀ ကျပ်ခန့်ဈေးနိမ့်ကျလာသည်။
    ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၈၀၀၀ မှ ၂၃၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၃၀၀၀၀ ကျပ်၊ ယခင်လ ၂၃၅၀၀၀ မှ ၂၃၇၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၂၀၀၀ ကျပ်ခန့် ဈေးနိမ့်ကျလာပြီး အမြင့်စ ဈေးငြိမ်နေကာ၊  ယခင်လထက် ၇၀၀၀ ကျပ် ဈေးနိမ့်လာ   သည်။
    ကုလားပဲ (၉၂၉) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၇၀၀၀ ကျပ် မှ ၂၃၈၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၃၅၀၀၀ မှ ၂၃၆၀၀၀ ကျပ်၊ ယခင်လ ၂၄၃၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀ ကျပ်ခန့် ဈေးနိမ့်ကျလာကာ၊ ယခင်လ ထက် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ခန့် ဈေးနိမ့်လာသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News