Local News

နေကြာ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    စစ်ကိုင်းတိုင်းဒေသကြီး၌ နေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ စိုက်ပျိုးရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးနေကြာ ဧက ၅ သောင်းခန့်နှင့် ဆောင်းနေကြာ ဧက ၃ သိန်း ခန့်စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ - ၂ မျိုးဖြစ်ပြီး မြေအနေအထား၊ ရာသီဥတု၊ သွင်းအားစုပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင် းသိရသည်။
    အောက်တိုဘာလ စတုတ္ထအပတ်တွင်း မုံရွာမြို့၌ ဖြစ်ပေါ်နေသော ဆီနေကြာတစ်တင်း ၅၃၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၈၅၀ ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လ ကာလတူပေါက်ဈေးနှုန်းများမှာ ဆီနေကြာတစ်တင်း ၆၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ နေကြာဖတ်တစ်ပိဿာ ၂၆၅၀ ကျပ်ပေါက်ဈေးရှိကြောင်း သိရသည်။ ကာလတူနှိုင်းယှဉ်ပါက ဆီနေကြာတစ်တင်း ၁၀၀၀၀ ကျပ်ခန့်နှင့် နေကြာဆီတစ်ပိဿာ ၂၅၀၀ ကျပ်ခန့်ကျဆင်းနေပြီး နေကြာဖတ် တစ်ပိဿာ ၂၀၀ ကျပ်ခန့် မြင့်တက်နေကြောင်း သိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News