အောက်တိုဘာလ စတုတ္ထအပတ်တွင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသားတစ်ပိဿာ ၃၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၉၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၄၅၀၀၀ ကျပ်၊ ကြက်သား CP (အကောင်လုံး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးဖယ်အသား ခြစ်တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။
ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဟိုက်ကြက် တစ်ပိဿာ ၅၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၁၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့် မြင့်တက်လာပြီး အမဲသား၊ ကြက်သား CP၊ ကြက်သား (ဗမာ) စသည့်ဈေးနှုန်းတို့မှာ ဈေးငြိမ်၍ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ ငါးဖယ်ခြစ်၊ ဟင်းငန်စသည့် ငါးအမျိုးမျိုးတို့သည် ယခင်လဈေးနှုန်းများအတိုင်းဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
မုံရွာမြို့ အသားငါးဈေးကွက်အခြေအနေ
Category:
Local News