Events
“Smart Farm Korea 2023 (SFKOREA)” ပြပွဲ ကျင်းပမည်
Updated At: 2023-05-15 14:28:23
ကိုရီးယားသမ္မတနိုင်ငံ Smart Farm Korea မှ ကြီးမှူးကျင်းပမည့် “Smart Farm Korea 2023 (SFKOREA)” ကို ကိုရီးယားသမ္မတနိုင်ငံ၏ Gyeongsangnam-do ပြည်နယ်၊ Changwon မြို့ရှိ Changwon Convention Center (CECO) ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ “Smart Farm Korea 2023 (SFKOREA)” ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေး ရည်ရွယ်၍ Smart Farm အနေဖြင့် လိုအပ်သောနည်းပညာအမျိုးမျိုးကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့် လယ်သမားများအား အကူအညီပေးရန် Smart Farm Korea 2023(SFKOREA) ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြပွဲတွင် ကုမ္ပဏီစုစုပေါင်း(၁၀၀)ခန့်မှပြခန်း(၃၀၀)အား လာရောက်ခင်းကျင်းပြသမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပြီး ဧည့်သည်(၂၀,၀၀၀)ခန့် တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် ကိုယ်စားလှယ်များအပြင် ဝယ်ယူလိုသူ(Byers)များ (ဥပမာ-Smart Farming ကျွမ်းကျင်သူများ၊ ပါမောက္ခများ၊ ကုမ္ပဏီများနှင့် တီထွင့်ဆန်းသစ်သည့် အတွေးအခေါ်ရှိသည့်ပုဂ္ဂိုလ်များ)ကိုလည်း ဖိတ်ကြားလိုကြောင်းနှင့် ပါဝင်တက်ရောက်မည့် ကိုယ်စားလှယ်များအတွက် အသွား၊ အပြန် လေယာဉ်လက်မှတ်နှင့် (၂)ရက်စာ တည်းခိုနေထိုင်စရိတ်တို့ကို ကျခံပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
အဆိုပါပြပွဲသို့ ပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့ထက် နောက်မကျစေဘဲ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ E-mail: moctradefair@ gmail.com နှင့် ဖုန်း- ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026