Events
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် Food Expo Pro စားသောက်ကုန်ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-02 16:15:06
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၊ Hong Kong Convention and Exhibition Centre ၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Food Expo Pro စားသောက်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှ ပြခန်းပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။ အဆိုပါဖိတ်ကြား စာတွင် အောက်ပါအချက်များ ဖော်ပြပါရှိပါသည်-
(က) Food Expo Pro ၏ ပြပွဲပထမနှစ်ရက်မှာ ကုန်သည်လုပ်ငန်းရှင်များအတွက် သီးသန့် ဖြစ်ပြီး ပြပွဲနောက်ဆုံးရက်ဖြစ်သည့် ၁၇- ၈- ၂၀၂၄ ရက်တွင် အများပြည်သူများ ပါဝင် တက်ရောက်မည်ဖြစ်ရာ ကမ္ဘာတစ်လွှားမှ စားသောက်ကုန်များ ပါဝင်ပြသရောင်းချ ကြမည် ဖြစ်ပါသည်။
(ခ) မြန်မာနိုင်ငံမှ ပါဝင်ပြသမှုအတွက် သက်သာခွင့်အနေဖြင့် နည်းလမ်း(၂)မျိုး ပေးထား ပြီး Turnkey Booth (၄)ခုဖြင့် ပါဝင်ပြသသူ(၄)ဦးအတွက် ပြခန်း(၁)ခန်းလျှင် အကျယ်အဝန်း စတုရန်းမီတာ(၄.၅)ရှိ စုစုပေါင်းပြခန်းဧရိယာ(၁၈)စတုရန်းမီတာ အနက် ပြခန်းဧရိယာ(၉)စတုရန်းမီတာအား (၁)စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ(၄၈၇) သတ်မှတ်ထားပါ၍ (၉)စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ (၄၃၈၃.၀၀) သက်သာခွင့်ရရှိမည်ဖြစ်ပြီး (New Exhibition) အတွက် Early Bird Discount အနေဖြင့် ပြခန်းခ၏ (၅)ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၁၉ ဒေါ်လာ) သက်သာခွင့်ရရှိမည်ဖြစ်ပါသည်။
(ဂ) Standard Booth (၂)ခုဖြင့် ပါဝင်ပြသသူ(၄)ဦးအတွက် ပြခန်း(၁)ခန်းလျှင် အကျယ်အဝန်း စတုရန်းမီတာ(၄.၅)ရှိ စုစုပေါင်း ပြခန်းဧရိယာ(၁၈)စတုရန်းမီတာ တွင် ပြခန်းဧရိယာ (၉)စတုရန်းမီတာကို သက်သာခွင့်ရရှိပြီး ( ပြခန်းဈေးနှုန်း အနေဖြင့် ပြခန်းဧရိယာ (၉)စတုရန်းမီတာအတွက် အမေရိကန်ဒေါ်လာ ၄၄၅၅.၀၀ သက်သာခွင့်ပေးထားပါသည်။ ) New exhibition အတွက် Early Bird Discount အနေဖြင့် ပြခန်းခ၏ (၅)ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၂၂၂) သက်သာခွင့်ရရှိမည် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
(ဃ) ပါဝင်ပြသသူများအနေဖြင့် ပြခန်းအပြင် အခြားသောကုန်ကျစရိတ်များဖြစ်သည့် ပြခန်းဆောက်လုပ်စရိတ်နှင့် Default Online Package အဖြစ် ပါဝင်ပြသသူ(၁)ဦး လျှင် အမေရိကန်ဒေါ်လာ(၄၂၀) ကျသင့်မည်ဖြစ်ပြီး ပြပွဲကာလတွင် ပြခန်းပါဝင်ပြသ ခြင်းအပြင် ၈-၈-၂၀၂၄ ရက်မှ ၂၄-၈-၂၀၂၄ ရက်အထိ အွန်လိုင်းမှတစ်ဆင့် စီးပွားရေး လုပ်ငန်းများအကြား ဆွေးနွေးနိုင်ခြင်း၊ ၁၅-၇-၂၀၂၄ ရက်မှ ၁၄-၉-၂၀၂၄ ရက်အထိ Hktdc.com Sourcing တွင် ပါဝင်နိုင်ခြင်းစသည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ် ပါသည်။
(င) ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Food Expo Pro ပြပွဲတွင် ပါဝင်ပြသသူပေါင်း (၆၀၀)ကျော်နှင့် နိုင်ငံတကာမှ ပြခန်းပေါင်း(၂၁)ခန်း ပါဝင်ပြသခဲ့ကြောင်း၊ ကမ္ဘာ တစ်ဝှမ်းမှ နိုင်ငံ/ ဒေသပေါင်း(၆၉)ခုမှ ဝယ်ယူသူ(၂၀၁၀၀)နှင့် ချိတ်ဆက်ဆွေးနွေး နိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ပါဝင် ခဲ့ကြောင်းနှင့် ပြပွဲသို့ လာရောက်မှုများသည့် နိုင်ငံများမှာ တရုတ်ပြည်မ၊ အာဆီယံ နိုင်ငံများ၊ ဂျပန်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများဖြစ်ကြောင်း၊ ပြပွဲနှင့် စပ်လျဉ်းသည့် အချက်အလက်စာစောင်တွင် ဖော်ပြပါရှိပါသည်။
ပြပွဲသို့ ပါဝင်ပြသမည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ Email : [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026