Events
ထိုင်းနိုင်ငံတွင် Udon Thani International Horticultural Expo 2026 ကျင်းပပြုလုပ်မည်
Updated At: 2024-05-03 10:49:09
ထိုင်းနိုင်ငံ၊ Udon Thani ခရိုင်၊ Mueang မြို့နယ်၊ Kut Sa ရှိ Nong Dae တွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ Udon Thani International Horticultural Expo 2026 ကျင်းပမည် ဖြစ်ပါသည်။
အဆိုပါ Udon Thani International Horticultural Expo 2026 ကို “Diversity of Life: Connecting People, Water and Plants for Sustainable Living” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းပြပွဲအား သဘာဝဇီဝမျိုးကွဲများနှင့် သဟဇာတဖြစ်အောင် နေထိုင်၍ UN Sustainable Development Goals (SDGs) ရရှိရန် ထိုင်းနိုင်ငံ၏ ဆောင်ရွက်မှုများကို ပြသရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြပွဲအား ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ Udon Thani ခရိုင်၊ စိုက်ပျိုးရေးရာဌာနနှင့် ထိုင်းနိုင်ငံကွန်ဗန်းရှင်းနှင့် ပြပွဲများ ဗျူရိုတို့မှ ပူးတွဲ ကျင်းပ ခြင်းဖြစ်ကြောင်းနှင့် ပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက Sub-Working Group of International Affairs and Gardens မှ အတွင်းရေးမှူး Dr. Parichart Potchanasin ၊ ဖုန်းအမှတ် +66 2569 6162 ၊ အီးမေးလ်၊ [email protected] နှင့် [email protected] တို့နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ Email : [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026