Events
အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hotel Taj Palace ၌ “BIMSTEC Business Summit” ကျင်းပ ပြုလုပ်မည်
Updated At: 2024-07-23 14:40:15
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Confederation of Indian Industry (CII) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ နယူးဒေလီမြို့ရှိ Hotel Taj Palace ၌ “BIMSTEC Business Summit” ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနား၌ Trade and Logistics, Energy, Service, Operationalization of BIMSTEC FTA, Synergies on Mountain and Blue Economy and Gender mainstreaming စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဘာသာရပ်အလိုက် ဆွေးနွေးမှုများ၊ B2B အစည်းအဝေးများ၊ နိုင်ငံ အလိုက်ဆွေးနွေးမှုများ၊ စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်နေသည့် သက်ဆိုင်သူများအားလုံး၊ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းကျွမ်းကျင်သူများ ပါဝင်တက်ရောက်ကြမည်ဖြစ်သည့်အတွက် ထူးခြားသည့်အခမ်းအနားတစ်ခုဖြစ်သည်။
အဆိုပါ BIMSTEC Business Summit သို့ ပါဝင်တက်ရောက်မည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Registration ဆိုင်ရာ ကိစ္စများအပါအဝင် အသေးစိတ်သိရှိလိုသည်များကို BIMSTEC BUSINESS SUMMIT 2024 ၏ ဝက်ဘ်ဆိုက် Link (https://cam.mycci.in/OR/ EventDetailOR.html?id=E000066055) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com တို့သို့လည်း ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025