Events
အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Jaipur မြို့၌ နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့် The Great Indian Travel Bazaar (GITB) ကျင်းပပြုလုပ်မည်
Updated At: 2024-07-24 14:36:11
အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Jaipur မြို့၌ အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) နှင့် အိန္ဒိယနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ Rajasthan ပြည်နယ်ခရီးသွားလာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန် သို့မဟုတ် မေလပထမ ရက်သတ္တပတ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့် The Great Indian Travel Bazaar (GITB) ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
GITB သည် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းခရီးသွားလာမှုမြှင့်တင်ရေးဆောင်ရွက်သည့်ပွဲတော်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၁၃) ကြိမ် ကျင်းပခဲ့ပြီး နှစ်စဉ်နိုင်ငံပေါင်း ၅၀ ကျော်မှ Tour Operator ၂၈၀ ကျော် ပါဝင်တက်ရောက်၍ ပြည်တွင်းခရီးသွားလာရေးအဖွဲ့များ၊ ထိပ်တန်းဟိုတယ်များ စသည့် အိန္ဒိယခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တစ်နေရာတည်းတွင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလကုန် သို့မဟုတ် မေလတွင် ကျင်းပမည့် (၁၄) ကြိမ်မြောက် GITB ပွဲတော်သို့ Hosted Buyers အဖြစ် ဖိတ်ကြားမည့် ပြင်ပမှ Tour Operator များကို အိန္ဒိယအစိုးရ၊ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Rajasthan ပြည်နယ်၊ ခရီးသွားလာရေးဦးစီးဌာနတို့က စိစစ်ရွေးချယ်၍ ဖိတ်ကြားမည်ဖြစ်သည်။
Tour Operator များစာရင်းကို ၂၀-၇-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး ဖိတ်ကြားခံရသည့် Tour Operator များအတွက် အသွားအပြန်လေယာဉ်စရိတ် စိုက်ထုတ်ငွေကို ပြန်ထုတ်ပေးမည်ဖြစ်ပြီး၊ ၃ ညအိပ် တည်းခိုနေထိုင်ရေး (Breakfast အပါ) နှင့် ဟိုတယ်မှ ပွဲတော်နေရာသို့ သွားလာရေးတို့ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ပြပွဲကာလ ၂ ရက်အတွင်း အိန္ဒိယခရီးသွားလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားရှိပေးမည်ဖြစ် ကြောင်းလည်း သိရှိရသည်။
The Great Indian Travel Bazaar (GITB) ပွဲတော်နှင့် ပတ်သက်၍ စိတ်ဝင်စားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် အချက်အလက်များကို Ms. Samanda System၊ အီးမေးလ် [email protected] သို့ ပေးပို့နိုင်ပါကြောင်းနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail:[email protected] တို့သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Date: 14th to 16th August, 2025
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025