အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Bamboo & Rattan

ကြိမ်၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော အိမ်အလှဆင်ပစ္စည်းများကို အဘယ်ကြောင့် မြန်မာ နိုင်ငံမှ မှာယူသင့်သလဲ။

Why source Bamboo & Rattan Home Decoration products from Myanmar?

-         ရေရှည်ရင်းနှီးမြှပ်နှံမှုပြုလုပ်ခြင်းဖြင့် လုပ်ငန်းကြီးထွားရန် အလားအလာအလွန် ကောင်းခြင်း။

-         ဒီဇိုင်းလှပမှုကို ဦးစားပေး၍ထုတ်လုပ်ထားခြင်း

-         ထူးခြားလှပသော ဒီဇိုင်းများဖြစ်ခြင်း

-         ငှက်ပျောမျှင်၊ ထန်းလက်အမျှင် စသော နှစ်သက်ရာ သစ်ပင်အမျှင်များဖြင့် ပေါင်းစပ်ထုတ်လုပ်နိုင်ခြင်း။

-         လိုအပ်သော ၀ါးနှင့်ကြိမ် များပြားစွာ ရနိုင်ခြင်း။

-         အောင်မြင်ရန် အလားအာအလွန်ကောင်းခြင်း။

အားသာမှုများ(အရင်းအမြစ်များ)(Resources)

-         ကမ္ဘာပေါ်တွင် တတိယအများဆုံး ၀ါးထွက်ရှိသည့် နိုင်ငံဖြစ်ခြင်း။

-         ၀ါးရုံတောဟက်တာပေါင်း ၂.၁၇ သန်းရှိခြင်း။

မှတ်တမ်းပြုစုချက်များအရ မြန်မာနိုင်ငံတွင် ၀ါးမျိုးစုပေါင်း (၂၁)ခုနှစ်နှင့် မျိုးစိတ်ပေါင်း ၁၀၂ ခုရှိသည်။

-         (၂၀၀၃) စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကြိမ်ထွက်ရှိမှုမှာ တစ်နှစ်လျှင် သန်း(၂၀) မျှရှိသည်။

-         မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ကြိမ်မျိုးစိတ်ပေါင်း (၃၇)ခုရှိသည်။

အဓိကထုတ်လုပ်သည့် ပစ္စည်းများ(Leading products)

ကြိမ် (Rattan):  ကြိမ်ခြင်းတောင်းများ၊ လင်ဗန်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများ

ဝါး(Bamboo): ဝါးခြင်းတောင်းများ၊ မီးအိမ်များ၊ လင်ဗန်းများ

ပြည်ပသို့တင်ပို့ရန်အားထုတ်မှုများ (Export Performance)

 

အဓိကစျေးကွက်များတွင် ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေး၊ အီတလီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ သြစတေးလျ၊ ဂျပန်နှင့် ကိုရီးယားတို့ပါဝင်သည်။ သို့ရာတွင် အမျိုးအစားခွဲခြားသတ် မှတ်သည့် ကုဒ်(Classification Code)များ ရေးဆွဲရာ၌တိကျသည့် ကိန်းဂဏန်းများ ပါဝင်မှုအားနည်း နေပါသေးသည်။ သို့ရာတွင် ၀ါးခြင်းတောင်းနှင့် ကြိမ်ခြင်းတောင်းပို့ကုန်တန်ဖိုးစုစုပေါင်းမှာ အမေ ရိကန်ဒေါ်လာ ၃ သန်းခန့်အထိရှိပါသည်။

           ပို့ကုန်စျေးကွက်များကဲ့သို့ပင် ဟိုတယ်နှင့် ခရီးသွားအပန်းပြေစခန်းများသည်လည်း (အသုံးပြုသော ပစ္စည်းများ၏) ဒီဇိုင်းလှပဆန်းကြယ်မှုကို အလေးပေးပါသည်။

           (ကြိမ်နှင့်ဝါးပစ္စည်း) ထုတ်ကုန်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါးကို ဟိုတယ်နှင့် အပန်းဖြေ စခန်းများမှ ဝယ်ယူပြီး အခြားပြည်တွင်းစျေးကွက်များမှ ၅ ရာခိုင်နှုန်းမှာ ယူကာ ကျန်သည့် ၈၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချပါသည်။

 

အဓိကကုမ္ပဏီများ (Leading Companies)

  • Classic Home
  • Glorius
  • Maco
  • Calamus Hill
  • Rose Yadanar
  • Sirboni Furnishings
  • TK Interiors တို့ဖြစ်ပါသည်။

 

(ကြိမ်နှင့်ဝါးပစ္စည်းထုတ်လုပ်ရေး) ကဏ္ဍတွင် လုပ်ကိုင်နေသော အလုပ်သမားဦးရေ

(No of people employed in the sector)

စိုက်ပျိုးရေးလုပ်ငန်း၊ ရိတ်သိမ်းရေးလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်းနှင့် ရက်လုပ်ရေး လုပ်ငန်းများနှင့် ခြင်းတောင်း၊ ပရိဘောဂစက်ရုံများတွင် လူပေါင်း ၁၀၀၀၀ မှ ၃၀၀၀၀ အထိ အလုပ် လုပ်ကိုင်လျက်ရှိကြပါသည်။

လုပ်ငန်း ဦးတည်ရာ အလားအလာများ (Trends)

-         အဓိကကုမ္ပဏီများအနေဖြင့် ဒီဇိုင်းတန်ဖိုးကို နှစ်သက်လက်ခံလာကြပြီး ဒီဇိုင်းအခြေပြု ထုတ်လုပ်ခြင်းများကို ပြောင်းလဲလုပ်ကိုင်လာကြပါသည်။

-         ပေါင်းစပ်ပါဝင်သော ပစ္စည်းများ ပြောင်းလဲလာပြီး ငှက်ပျောမျှင်၊ ထန်းလက်အမျှင်၊ သစ်သား၊ မြက်၊ ဗေဒါ စသော ပစ္စည်းများနှင့် ပေါင်းစပ်ထုတ်လုပ်လာကြသည်။

(ကြိမ်နှင့်ဝါး) ပစ္စည်းထုတ်လုပ်မှု ကဏ္ဍ မြှင့်တင်ရေးထောက်ပံ့မှုအစီအစဉ်

(Sector lifting support programs)

(ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန်များ အိးယူစျေးကွက်တွင် နေရာရရှိရန် အဓိကထားဆောင်ရွက် နေသည့် ဒတ်ချအေဂျင်စီမှ) ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန်များ တိုးမြှင့်ရေးဌာန(The Centre for Promotion of Exports from Developing Countries (CBI))ကို ဖွင့်လှစ်ခဲ့ပါသည်။ ဤဌာနမှ ပို့ကုန်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်ကို စတင်ခဲ့ပြီး ယင်းအစီအစဉ်တွင် ကြိမ်နှင့်ဝါးအိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်ပြီး လေ့ကျင့် သင်ကြားပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ညှိနှိုင်းပေးခြင်းနှင့် ပို့ကုန်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရန် ရည်ရွယ်၍ အီးယူမှ စီးပွားဖက်များနှင့် ချိတ်ဆက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးပါသည်။ ဤအစီအစဉ်ကို ၂၀၁၈ နှောင်းပိုင်းတွင် စတင်ပြီး နှစ်ပေါင်းများစွာ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။ အဆိုပါပစ္စည်းများကို အီးယူစျေးကွက်သို့ ပိုမိုတင်ပို့ခြင်း၊ ပို့ကုန်တန်ဖိုးများ တိုးမြှင့်ခြင်း ဖြင့် မြန်မာ့ကြိမ်နှင့်ဝါးအိမ်အလှဆင်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍကို မြှင့်တင်ရန် မျှော်လင့်ထား ပါသည်။

           ကုမ္ပဏီများအနေဖြင့် မျှတသော ကုန်သွယ်ရေး (Fair Trade) အထွက် ထောက်ခံ အတည်ပြုမှုရယူရန်အတွက်လည်း ဤအစီအစဉ်က ပံ့ပိုးကူညီပေးမည်ဖြစ်ပါသည်။