အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Garments

မြန်မာနိုင်ငံမှ အဝတ်အထည်ကို ဘာကြောင့်ဝယ်သင့်လဲ Why You Should Buy from Myanmar?

ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အပြင်ဝတ် ဂျာကင်ထုတ်လုပ်သူများသည် မြန်မာနိုင်ငံတွင် စက်ရုံရာပေါင်းများစွာဖြင့် စတင် လည်ပတ်နေပြီဖြစ်ပါသည်။ ကမ္ဘာအနှံရှိ သုံးစွဲသူတို့သည် မြန်မာပြည်တွင် ပြုလုပ်သည် (made in Myanmar) အမှတ်တံဆိပ်ပါသည့် အရည်အသွေးမြင့် ဂျာကင်အကျႌများ(Outdoor Jackets)ကို ဝတ်ဆင်နေကြပြီ ဖြစ်ပါသည်။ အဆိုပါ ဂျာကင်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော ပညာတတ် ကျွမ်းကျင်လုပ်သားများကိုလည်း မြန်မာနိုင်ငံမှ အသင့်ရရှိနေပြီဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ အထည်ချုပ်နှင့် အထည်အလိပ် အများဆုံး ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံတွင် အလုပ်သမားစရိတ်များ ကြီးမြင့်လာမှုကြောင့် မြန်မာနိုင်ငံသည် ထိပ်တန်းဝယ်ယူသူများအတွက် အလားအလာ ကောင်းသော စျေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

           ယခုနှစ်များအတွင်း မြန်မာ့အပြင်ဝတ်ဂျာကင်ထုတ်လုပ်သူများသည် နိုင်ငံတကာလူမှုရေးနှင့် အလုပ်သမားဆိုင်ရာ စံနှုန်းများ(International Social and Labor Standards)နှင့် ပိုမိုကိုက်ညီစွာ ထုတ်လုပ်လာကြပါသည်။ မြန်မာ့ အပြင်ဝတ်ဂျာကင် စုစုပေါင်း၏ သုံးပုံတစ်ပုံကျော်ခန့်ကို ဂျပန်နိုင်ငံမှဝယ်ယူပြီး ၄င်း၏နောက်တွင် တောင်ကိုရီးယားနှင့် တရုတ်တို့အသီးသီးရှိကြပါသည်။ အီးယူ၏ မြန်မာဂျာကင်အကြီးဆုံး စျေးကွက်မှာ ဗြိတိန်ဖြစ်ပါသည်။ မြန်မာသည် တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်တို့နောက် အီးယူ သို့အပြင်ဝတ်ဂျာကင် စတုတ္ထအများဆုံး တင်ပို့သော နိုင်ငံဖြစ်ပါသည်။

Read Full Report on Myanmar Outdoor Jacket Export Capabilities