Local News

"တိုင်းရင်းသား ဒေသထုတ်ကုန်များ ဈေးကွက်မြှင့်တင်ရေး” ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သည် တိုင်းရင်းသားလူမျိုးများ၏ ဒေသထုတ်ကုန်များကို နိုင်ငံတကာစေျးကွက်အထိ ထိုးဖောက်မြှင့် တင်နိုင်ရေးရည်ရွယ်၍“ တိုင်းရင်းသား ဒေသထုတ်ကုန် များဈေးကွက်မြှင့်တင်ရေး”ညှိနှိုင်းအစည်းအဝေး ကို ၁၂-၁-၂၀၂၂ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့်  မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ အရာရှိများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ၊ ဦးလဖိုင်ခွန်ဆာ ဦးဆောင်သော ကချင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် အသင်းဝင်များ၊ ကုန်သွယ်မှုဗဟိုဌာနများမှ တာဝန်ခံများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း(၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါ သည်။

အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံရှိတိုင်းရင်းသား ဒေသထုတ်ကုန်များ စေျးကွက်မြှင့်တင်ပေးနိုင်မှုအခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ဒုက္ကဌနှင့် အသင်းဝင်များ တက်ရောက်လာကြသူများမှ တိုင်းရင်းသားဒေသထုတ်ကုန်များအား ပြည်တွင်း ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေးနှင့် မြန်မာ တိုင်းရင်းသားထုတ်ကုန် Product of Ethnic Myanmar (POEM) ကုန်အမှတ်တံဆိပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကူညီပံ့ပိုးပေးရေး နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည့် အပြင်သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှ ဒေသ ထုတ်ကုန် များကို နိုင်ငံတကာစေျးကွက်အထိ ထိုးဖောက်မြှင့်တင်နိုင်ရေးအတွက် လက်တွဲကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Category: Local News