Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်မှ ၁၀ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊  ဇွန်လ ၄ ရက်မှ ၁၀ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ဆန်၊ ကြံ၊ ပဲယင်း၊ ထောပတ်ပဲ၊ နှမ်းနက်၊ အင်ကြင်းကျောက်နှင့် ဆန်ကွဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၈၄၅၆၀၇ ဒဿမ ၇၂ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၆၆၇၅၆၇ ဒဿမ ၅၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၄၅၁၃၁၇၅ ဒဿမ ၂၉ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားချည်ခင်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ အင်ဂျင်များ၊ ကားတာယာ နှင့် Empty Cargo Container 45' feet များ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၈၄၂၀၁ ဒဿမ ၀၈ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၈၁၂၃၇၆  ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၉၉၆၅၇၇ ဒဿမ ၀၈ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၆ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၇၇ ဒဿမ ၇၇ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News